ကျောင်းနဲ့အလုပ်ကြားမှာ ဗျာမများရအောင်..

ကျောင်းတစ်ဖက်နဲ့ အလုပ်လုပ်တော့မယ်ဆိုရင်…
အဓိကအရေးကြီးတဲ့ ကိုယ့်ကိုကိုယ်နဲ့ ကိုယ့် အချိန်တွေကို သေချာ စီမံခန့်ခွဲတက်ဖို့လိုလာပါပြီ။
ကျောင်းတက်ရမယ့် အချိန် နဲ့ အလုပ်သွားရမယ့် အချိန်ကြားထဲမှာ နှစ်ခုလုံးကို အလျင်မီအောင်နဲ့ နှစ်ခုလုံးအတွက် Responsibility တွေကို ကျေပွန်အောင် လုပ်နိုင်ဖို့အတွက် ကြိုးစားရတော့မယ်လေ။
ဘာတွေပြင်ဆင်ထားရမလဲဆိုတော့ Google Calendar or Notebook ထဲမှာ Daily Schedule ဆွဲပြီး Daily To-do list အတိုင်း မပျက်မကွက် လုပ်တတ်ဖို့ ကျင့်သားရနေရပါမယ်။
ပြီးတော့ ကျောင်းအတွက် စာကျက်ချိန်ကလည်း ပေးရဦးမှာ ဖြစ်တာကြောင့် အလုပ်လုပ်ချိန်နဲ့ မတိုက်အောင်ရယ် အလုပ်ကပင်ပန်းတဲ့ဒဏ်ကြောင့် စာကျက်ချိန်မပေးနိုင်ဘူးမဖြစ်ရအောင် ကိုယ့်ကိုကိုယ် ထိန်းချုပ်တတ်ဖို့ လိုပါတယ်။
ဥပမာ မနက်အလုပ်သွားရမှာကို ညဘက် နောက်ကျတဲ့ထိနေတာမျိုးတွေ၊ စာမေးပွဲဝေးသေးတယ်ဆိုပြီး စာကို ပုံမှန်မလုပ်ဘဲ နီးမှလုပ်တာမျိုးတွေက ရေရှည် အလုပ်တစ်ဖက်လုပ် ကျောင်းတစ်ဖက်တက်ဖို့ မလွယ်ပါဘူး။
ဒီတော့ ကိုယ့်ကိုကိုယ်နဲ့ အချိန်ကို ကောင်းကောင်း စီမံခန့်ခွဲနိုင်ဖို့အတွက် ကြိုးစားလေ့ကျင့်ကြဖို့ Intern Plus Team က အကြံပြုလိုက်ပါတယ်။