ပြောင်းလွယ်ပြင်လွယ်ခြင်း (Flexibility) နှင့်လိုက်လျောညီထွေဖြစ်ခြင်း (Adaptability)

ပြောင်းလွယ်ပြင်လွယ်ခြင်း (Flexibility) နှင့်လိုက်လျောညီထွေဖြစ်ခြင်း (Adaptability) ဆိုတဲ့ အရည်အသွေးတွေဟာ အလုပ်ခွင်မှာမရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုအချို့ဖြစ်ပါတယ်။
Workplace Flexibility ဆိုရာမှာအလုပ်မှာဖြစ်လာတဲ့အကြောင်းအရာအခြေအနေများကိုအကဲဖြတ်နိုင်ခြင်းနှင့် အလုပ်မှပေးလာသောတာဝန်ဝတ္တရားများညှိနှိုင်းဆောင်ရွက်နိုင်ခြင်းဖြစ်ပါတယ်။ အလုပ်ရှင်နှင့်အလုပ်သမားတွေအတွက်Workplace flexibility ဟာအင်မတန်အရေးကြီးပါတယ်။
Workplace flexibility
ခေါင်းစဉ်နဲ့သက်ဆိုင်တဲ့ထည့်သွင်းထားတဲ့စွမ်းရည်အချို့ကိုလည်းဖော်ပြပေးလိုက်ပါတယ်နော်။
၁။ လမ်းကြောင်းအသစ်များကိုဖွင့်ပါ
ဆိုလိုတာကတော့ အလုပ်ရှင်ကော အလုပ်သမားကောအပြောင်းအလဲများတွေကိုလက်ခံရန်ပြီး အကောင်အထည်ဖော်ရန်အဆင်သင့်ဖြစ်နေတာကိုဆိုလိုပါတယ်။ သင်တို့ဆီမှာတင်းကြပ်တဲ့အမြင်တွေရှိမနေသင့်ပါဘူး။ အလုပ်ခွင်မှာ Flexible ဖြစ်ခြင်းအားဖြင့် သင့်အလုပ်လုပ်ဆောင်နိုင်စွမ်းထက်ကျော်လွန်ပြီး ပိုကောင်းမွန်တဲ့အလုပ်တွေလုပ်လာနိုင်လာစေမှာပါ။
၂။ အခြေအနေများနှင့်လိုက်လျောညီထွေဆောင်ရွက်ခြင်း
Flexible ဖြစ်သူတွေဟာ သူတို့ကြုံတွေ့ရတဲ့ ဘယ်အခြေအနေကိုမဆိုလျင်မြန်စွာနဲ့ လိုက်လျောညီထွေစွာပြုမူနေထိုင်နိုင်သူများဖြစ်ကြပါတယ်။ သူတို့မှာ ဘယ်လုပ်ငန်းခွင်ယဉ်ကျေးမှုအသစ်ကို မဆိုလက်ခံနိုင်တဲ့အကောင်းဆုံးနည်းလမ်းတွေရှိနေပြီး သူတို့ဘာလုပ်နေတယ်ဆိုတာကိုကျိန်းသေသိသူများဖြစ်ပါတယ်။
လုပ်ငန်းဆောင်တာအသစ်တွေနဲ့ပတ်သက်လာရင်လဲသူတို့ဟာလုပ်ငန်းခွင်မှာတာ၀န်ယူတတ်သူ တာဝန်ခံသူများ ဖြစ်ကြပါတယ်။ အလုပ်အပေါ်စိတ်ဝင်စားမှုပြခြင်းနဲ့ အပြောင်းအလဲများကိုလက်ခံခြင်းတွေဟာ သူတို့ရဲ့ အလုပ်လုပ်နိုင်စွမ်းတွေကိုကျော်လွန်စေပြီး အောင်မြင်မှုတွေကိုပိုင်ဆိုင်နိုင်စေပါတယ်။
၃။ အလုပ်ဖိအားများအောက်တွင်အလုပ်လုပ်ခြင်း
ဒီအချက်ဟာသင်သဘောကျတဲ့အချက်ဖြစ်နိုင်သလို သင်သဘောမကျနိုင်တဲ့ အချက်တစ်ချက်လည်းဖြစ်နိုင်ပါတယ်။ အချို့လူတွေဟာ ဖိအားလုံးဝမရှိတဲ့အလုပ်ခွင်ကို နှစ်သက်ကျပါတယ်။ သို့သော်ဖိအားများအောက်တွင်အလုပ်လုပ်နိုင်တဲ့သင်ဟာ ကုမ္ပဏီရဲ့အလုပ်ဝန်တွေကိုကူညီဆောင်ရွက်ရင်းကုမ္ပဏီကြီးကိုကယ်တင်နေသူတစ်ယောက်လည်းဖြစ်ပါတယ် ။ သင်ဟာအလုပ်ဝန်တွေသာမက ဖိအားတွေကိုပါကိုင်တွယ်နိုင်တဲ့ ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်လာမှာပါ။
Adaptability ဆိုရာမှာအလုပ်ပတ်ဝန်းကျင်အသစ်နဲ့ အလိုက်အထိုက်ဖြစ်စေရန် သို့မဟုတ် လိုက်လျောညီထွေဖြစ်စေရန် မိမိကိုယ်ကိုပြုပြင်ခြင်းသို့မဟုတ်ပြောင်းလဲခြင်းပြုလုပ်ခြင်းဖြစ်ပါတယ်။ ဒီအချက်မှာ အတွေးအခေါ်သစ်တွေ၊ တီထွင်ဆန်းသစ်မှုတွေနဲ့ မွမ်းမံပြင်ဆင်မှုတွေကို လက်ခံခြင်း ဆိုတာတွေပါဝင်တဲ့အတွက် Workplace flexibility နဲ့တော့တူသယောင်ယောင်ရှိပါတယ်။
ဒီကျွမ်းကျင်မှုရှိသူတွေဟာတစ် ဦး ချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ အလုပ်လုပ်နိုင်ကြနိုင်တဲ့ သူတွေဖြစ်ပါတယ်။
၁။ သင်ယူတတ်မြောက်နိုင်စွမ်း
Adaptability skill ရှိသူတွေဟာ ရှုံးနိမ့်မှုတစ်ခုကြောင့်ဘယ်တော့မှစိတ်ဓာတ်မကျတတ်ကြပါဘူး။ သူတို့အတွက်ရှုံးနိမ့်ခြင်းဟာ သင်ယူခြင်း၏အစိတ်အပိုင်းတစ်ခုသာဖြစ်ပါတယ်။ ဒီလိုအရည်အချင်းရှိတဲ့ခေါင်းဆောင်တွေဟာအမြဲတမ်းသင်ယူခြင်းနှင့် စွန့်စားမှုများပြုလုပ်ဖို့ရန်အတွက်ဆန္ဒရှိကြပါတယ်။
၂။ ဇွဲ
အလုပ်မှာလိုက်လျောညီထွေဖြစ်သူတွေဟာတော်ရုံဖိအားပေးမှုတွေကြောင့် အလုပ်ကနှုတ်ထွက်သွားလေ့ အလျှော့ပေးလေ့မရှိပါဘူး။ စိန်ခေါ်မှုတိုင်းသည်စိတ်လှုပ်ရှားစရာကောင်းပြီးသူတို့အလုပ်ကိုတစိုက်မတ်မတ်ရှိခြင်းက ဘယ်လောက်ခက်ခဲတဲ့အရာတွေကိုမဆိုကြိုးစားအားထုတ်ဖို့တွန်းအားတွေဖြစ်စေပါတယ်။ ထိုနည်းတူစွာသူတို့ဟာအပြုသဘောဆောင်တဲ့ပြီးခက်ခဲတဲ့အချိန်တွေမှာ လုပ်ဖော်ကိုင်ဖက်တွေကို အာရုံမလွှဲအောင် ဂရုတစိုက်နဲ့အားပေးတတ်သူတွေဖြစ်ပါတယ်။
၃။ စူးစမ်းလိုစိတ်ရှိခြင်း
အလုပ်ခွင်မှာ ပြောင်းလဲမှု ဆိုတဲ့ အရာတွေက အခြားသူတွေကိုကြောက်လန့်စေနိုင်ပေမဲ့ သင့်မှာ ဒီပြောင်းလဲမှုတွေကို လိုက်လျောညီထွေ ပြုမူဆောင်ရွက်နိုင်ရင် သင့်ကိုတော့ကြောက်လန့်စေမှာ မဟုတ်ပါဘူး။ အဲဒီထူးခြားနေတဲ့အရာတွေက သင့်ရဲ့ စူးစမ်းလိုစိတ်တွေဖြစ်လာစေမှာပါ။ အဲဒီနောက်မှာတော့ သင်သိချင်လာတဲ့အတွက် စူးစမ်းရှာဖွေမှုတွေကိုစတင်ပါတော့တယ်။ သင်က တွေးထင်ယူဆချက်တွေ၊ တိုက်တွန်းချက်တွေနဲ့ အပြုသဘောဆောင်တဲ့ အကြံဉာဏ်တွေကို ကြောက်တတ်တဲ့သူတစ်ယောက်လဲမဟုတ်တာဧကန်အမှန်ပါပဲ။
ဒီတပတ်ဝေမျှပေးလိုက်တဲ့အကြောင်းအရာလေးက Intern Plus User တွေအတွက် အသုံးဝင်ပြီးအတွေးအခေါ်အသစ်တွေရစေတယ်လို့ မျှော်လင့်ပါတယ်။ အားလုံးအဆင်ပြေကြပါစေ။