fbpx

လုပ်ငန်းခွင်ထဲဝင်ဖို့ အဆင်သင့် ဖြစ်မဖြစ် ဘယ်လိုဆန်းစစ်ကြည့်လို့ရလဲ?

လုပ်ငန်းခွင်ထဲဝင်ဖို့ အဆင်သင့် ဖြစ်မဖြစ် ဘယ်လိုဆန်းစစ်ကြည့်လို့ရလဲ⁉️ =======

လုပ်ငန်းခွင်ဝင်ဖို့ အဆင်သင့်ဖြစ်တဲ့အခြေအနေဆိုတာ ကျောင်းပြီးသွားပြီး ဘွဲ့ရမှလုပ်လို့ရတယ်လို့ အများစုကထင်နေကြပါတယ်နော်။ ဒါကြောင့်မလို့လဲ ကျောင်းမပြီးမချင်းတက်ပြီး အချိန်တွေကုန်မှန်းမသိကုန်ခဲ့ကြတာပေါ့။ ဒါကြောင့်မလို့ ဒီနေ့မှာ Intern Pluser တို့အတွက်

👉လုပ်ငန်းခွင်ထဲဝင်ဖို့ အဆင်သင့်ဖြစ်တယ်ဆိုတာဘာလဲ❓ 👉ဘယ်လို ဆန်းစစ်ကြည့်လို့ရလဲ❓ ဆိုတဲ့အကြောင်းအရာလေးတွေကိုဝေမျှသွားမှာပဲဖြစ်ပါတယ်။

✅Career Path wayဒီနေ့ခေတ် လူငယ်တွေ ကြုံလေ့ကြုံထ ရှိတာက vacancy တွေအများကြီးတွေ့နေရပြီး ဘယ်ဟာက ကိုယ်နဲ့ အမှန်တကယ်ကိုက်ညီတဲ့ career လည်းဆိုတာ သေချာမရွေးချယ်နိုင်ဘဲ လမ်းပျောက်နေရတဲ့ အခြေအနေမျိုးတွေဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ပထမဆုံးအနေနဲ့ အရေးကြီးဆုံးအကြောင်းအရာကတော့ မိမိအမှန်တစ်ကယ်စိတ်ပါဝင်စားပြီး လုပ်ကိုင်လိုတဲ့ Career path way ကိုသေသေချာချာ သိရှိဖို့လိုအပ်တာပဲဖြစ်ပါတယ်။

✅Digital literacyနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လုပ်ငန်းနယ်ပယ်တိုင်းက digital ပိုင်းကို အသုံးပြုပြီး တစ်ယောက်နဲ့တစ်ယောက် communicate လုပ်နေကြတာပဲ ဖြစ်ပါတယ်။ ကိုယ်လုပ်ကိုင်လိုတဲ့ နယ်ပယ်ကိုလိုက်ပြီး digital ပိုင်းအရ သိထားသင့်တဲ့ tool တွေ၊ သုံးပုံသုံးနည်းတွေ၊ function တွေကို သိထားဖို့လည်း အရေးကြီးပါတယ်။

✅Languageနောက်တစ်ခုအနေနဲ့ဆိုရင်တော့ Language ပိုင်းပဲဖြစ်ပါတယ်။ ဒီနေရာမှာ Intern Pluser တွေသိထားဖို့လိုအပ်တာက language ပိုင်းလို့ပြောရင် ဘာသာစကားဆိုတာမျိုးထက် မိမိတို့ လုပ်ကိုင်မယ့် နယ်ပယ်ကိုလိုက်ပြီး သုံးလေ့သုံးထရှိတဲ့ ဝေါဟာရ အသုံးအနှုန်းတွေ၊ term တွေကိုလေ့လာထားဖို့ လိုအပ်ပါတယ်။

အခုပြောပြသွားတဲ့ အကြောင်းအရာလေးတွေကတော့ လုပ်ငန်းခွင်ထဲဝင်ဖို့တကယ် အဆင်သင့် ဖြစ်မဖြစ် ဆန်းစစ်ကြည့်လို့ ရနိုင်တဲ့အချက်လေးတွေပဲဖြစ်ပါတယ်နော်။

  • Share this post

Leave a Comment