fbpx

လုပ်ငန်းခွင်မှာ အထောက်အကူပြုမယ့် Interpersonal Skills

ဒီတစ်ပတ်‌‌ဝေမျှပေးမဲ့အကြောင်းအရာလေးကတော့ Interpersonal skills ပဲဖြစ်ပါတယ်။

“No man is an island” ဆိုတဲ့စကားပုံလေးအတိုင်းပဲ ကျွန်တော်တို့ဟာ လုပ်ငန်းခွင်က project တွေကိုအသင်းအဖွဲ့နဲ့အောင်မြင်ဖြစ်ထွန်းအောင်ပြုလုပ်ကြရပါတယ်။ 

အသင်းအဖွဲ့နဲ့အလုပ်လုပ်ရာမှာပဲဖြစ်ဖြစ် Client တွေနဲ့အလုပ်လုပ်ရာမှာပဲဖြစ်ဖြစ် Interpersonal skill ဆိုတာ အလုပ်သမားတိုင်းမှာ အလုပ်ရှင်တိုင်းရှိနေစေချင်တဲ့အရည်အချင်းပဲဖြစ်ပါတယ်။

သင့်လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံ‌ရေးတစ်ခုတည်ဆောက်နိုင်ခြင်းနဲ့ သူတို့ရဲ့ အလုပ်လုပ်ချင်စိတ်ကို လှုံ့ဆော်ပေးနိုင်တဲ့ အရည်အချင်းတွေဟာ Interpersonal skill ရဲ့အရေးကြီးတဲ့ အခန်းကဏ္ဏမှာပါဝင်နေပါတယ်။

လုပ်ငန်းခွင်တော်တော်များများမှာ Internet, email နဲ့ message ပို့လို့ရတဲ့ software  တွေဖြစ်တဲ့ messaging software တွေ ကိုယခင်ကထက်အသုံးပြုလာကြပြီဖြစ်ပေမဲ့လဲ သင့်ရဲ့ စကားပြောဆိုနိုင်မှုစွမ်းရည်နဲ့ လူမှုဆက်ဆံ‌ရေး စွမ်းရည်တွေက အလုပ်ရှင်နဲ့လုပ်ဖော်ကိုင်ဖက် တွေကြားမှာ ထိရောက်တဲ့အလုပ်တွေလုပ်ဆောင်နိုင်ဖို့ အင်မတန်အရေးပါနေပါသေးတယ်။

Interpersonal skill ကသင့်ကိုလိုက်လျောညီထွေဖြစ်နေစေပါတယ်။

သင့်အလုပ်ရှင်နဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ အလုပ်ခွင်မှာခက်ထန်တဲ့သင်ထက် လိုက်လျောညီထွေရှိပြီး စကားပြောချဉ်းကပ်လို့လွယ်တဲ့သင့်ကိုပိုပြီးနှစ်သက်မှာပါ။ ဒါကြောင့် သင့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ သက်သောင့်သက်သာရှိရှိနဲ့ ပြောဆို ဆက်ဆံမှာဖြစ်ပြီး သင့်လုပ်ဖော်ကိုင်ဖက်တွေဟာလည်း သင့်အကြံဉာဏ်နဲ့ အကူအညီတွေကို အရင်ကထက်ပိုပြီးလိုလိုလားလားရှိလာမှာဖြစ်ပါတယ်။

Interpersonal skill က သင့် Client တွေရဲစိတ်ကျေနပ်မှုကိုတိုးစေမှာပါ။

သင့်ရဲ့ကျွမ်းကျင်လိမ္မာတဲ့ ပေါင်းသင်းဆက်ဆံ‌ရေးစွမ်းရည်ဟာ လုပ်ငန်းခွင်မှာ အလွန်အရေးပါလှ ပေမဲ့လည်း သင့်ရဲ့ဒီစွမ်းရည်က သင့်လုပ်ဖော်ကိုင်ဖက်တွေသာမက သင့် customer တွေအတွက် အလွန်အကျိုးရှိလှပါတယ်။  သင်ဟာသူတို့ရဲ့ လုပ်ငန်းလိုအပ်ချက်တွေကို ဝန်ဆောင်မှုအပြည့်ပေးနိုင်ဖို့နဲ့ အကြံဉာဏ်ကောင်းတွေပေးဖို့လိုလိုလားလားရှိနေတာကို သိနိုင်ပါတယ်။ ပျော်ရွှင်နေတဲ့ customer ရှိနေရင်အလုပ်ခွင်မှာ ပျော်ရွှင်နေတဲ့ အလုပ်ရှင်ရယ် ပျော်ရွှင်နေတဲ့ လုပ်ဖောင်ကိုင်ဖက်တွေရှိနေမှာဖြစ်ပြီး အပြုသဘောဆောင်တဲ့ လုပ်ငန်းခွင်ဆက်ဆံရေးကိုတည်ဆောက်နိုင်မှာဖြစ်ပြီး သင့်အထက်အရာရှိတွေကလည်း သင့်ကိုသတိထားမိလာမှာအသေအချာပါပဲ။

Interpersonal skill ကသင့်ကိုကိုယ်ချင်းစာစိတ်ပိုပြီးရှိလာ‌စေမှာပါ။

မန်နေဂျာ၊ ဝန်ထမ်းသို့မဟုတ် လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်ဖြစ်ဖို့ သင့်မှာ အခြားသူတွေကို နားလည်ပြီး ကိုယ်ချင်းစာစိတ်ပြနိုင်ဖို့အရေးကြီးပါတယ်။  ဥပမာအားဖြင့် သင့်ကို သင့်ရဲ့ customer ဒါမှမဟုတ်လုပ်ဖော်ကိုင်ဖက်က မကျေနပ်ချက်တစ်ခုနဲ့ ဖုန်းဆက်လာတဲ့အခါ သင်ဟာ ဂရုတစိုက်နဲ့ သူတို့တတွေရဲ့  စိုးရိမ်ကြောင့်ကြမှုတွေကိုနားထောင်ပေးတာမျိုးပါ။ ကိုယ်ချင်းစာစိတ်ရှိခြင်းက သင့်ကို အလုပ်ခွင်မှာရှိသူတွေအားလုံးနဲ့ အဆင်ပြေပြေလုပ်ကိုင်ဆောင်ရွက်နိုင်အောင်ကူညီပေးမှာပါ။

Leave a Comment