fbpx

လုပ်ငန်းခွင်မှာ အထောက်အကူပြုမယ့် Decision Making Skill

အခုတစ်ပတ်ဝေမျှပေးသွားမဲ့ အကြောင်းအရာလေးကတော့ Decision Making at workplace ပဲဖြစ်ပါတယ်။

လုပ်ငန်းခွင်မှာ နေ့စဉ်နဲ့အမျှအသုံးပြုရလေ့ရှိတဲ့ Decision Making ဆိုတာဟာ ဝန်ထမ်းတိုင်းအသုံးပြုရတဲ့ အလွန်အရေးပါလှတဲ့ အရည်အချင်းတစ်ရပ်ဖြစ်ပါတယ်။ 

သင်ပြုလုပ်လိုက်တဲ့ ဆုံးဖြတ်ချက်တိုင်းက သင်နဲ့ သင့်လုပ်ဖော်ကိုင်ဖက်တွေကို များစွာအကျိုးသက်ရောက်မှုတွေရှိပါတယ်။

 ဒါတင်မကပဲ လုပ်ငန်းခွင်အတွင်းမှာ ချမှတ်လိုက်တဲ့ သင့်ရဲ့ ဆုံးဖြတ်ချက်တိုင်းက သင်တာဝန်ယူလုပ်ဆောင်နေတဲ့ ပရောဂျက်တစ်ခုလုံးကိုပါ ပုံဖော်သွားမှာပဲဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်ထဲမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ သင်မှတ်သားထားသင့်တဲ့ အချက် (၄) ချက်ကိုမျှဝေပေးလိုက်ပါတယ်။

(၁) ဆုံးဖြတ်ချက်တစ်ခုချတော့မယ်ဆိုရင်တော့ သင်ပထမဦးဆုံးပြုလုပ်သင့်တဲ့အရာက သင်ဖြေရှင်းရမဲ့ ဒါမှမဟုတ် ဆုံးဖြတ်ချက်ချပေးရမဲ့ ပြဿနာအတွက် လိုအပ်တဲ့အချက်အလက်တွေကို စုဆောင်းခြင်းပဲဖြစ်ပါတယ်။ ဥပမာ သင်ဟာအလုပ်အတွက် ရုံးခန်းငှားပေးရမယ်ဆိုပါစို့။ သင်ရုံးခန်းငှားဖို့ ဖြစ်တဲ့ ရုံးခန်းတွေရဲ့ နေရာတွေ၊ စျေး၊ ရုံးခန်းမှာထားပေးမဲ့ ပစ္စည်းတွေ စတဲ့ လိုအပ်တဲ့အချက်အလက်တွေကိုစတင်ပြီးစုဆောင်းတာဟာ သင့်ရဲ့ ပထမဆုံး ပြုလုပ်ရမဲ့အရာဖြစ်ပါတယ်။

(၂) ဒုတိယအဆင့်ကတော့ ပိုအရေးကြီးတဲ့အချက် (အရာ) တွေကို ဦးစားပေးစဉ်းစားခြင်းပဲဖြစ်ပါတယ်။ အပေါ်မှာပေးခဲ့တဲ့ ဥပမာအရ သင်ရွေးထားတဲ့ ရုံးခန်း (၂) နှစ်ခုမှာ တစ်ခုက ဝေးနေပြီးစျေးသက်သာမယ်၊ နောက်တစ်ခုကတော့ နီးပြီး စျေးကြီးမယ်ဆိုပါဆို့ ဒါပေမယ့် အခန်းတွင်းထားပေးထားမဲ့ ပစ္စည်းတွေက အတူတူပဲဖြစ်နေမယ်ဆိုရင် သင်ဟာ ဘယ်တစ်ခုကိုရွေးချယ်သင့်ပါသလဲ။ (အဖြေတွေကို Comment မှာ ‌ရေးပေးခဲ့လို့ရပါတယ်)

(၃) နည်းလေကောင်းလေဆိုတာ တစ်ချို့သောသူတွေအတွက် ဘဝင်ကျစရာမဟုတ်ပေမယ့် ဆုံးဖြတ်ချက်တစ်ခုချတဲ့အချိန်မှာတော့ လူနည်းလေ ဒါမှမဟုတ် option တွေနည်းနိုင်သမျှနည်းအောင်ပြုလုပ်နိုင်တာက သင့်အတွက်တကယ် အကျိုးရှိစေမှာပါ။ ပုံမှန်အားဖြင့်လူတွေဟာ ရွေးချယ်စရာနည်းတဲ့ အချိန်တွေမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို အချိန်တိုအတွင်း ပြုလုပ်နိုင်ကြပြီး ရွေးချယ်စရာတွေများလာတဲ့အချိန်မှာတော့ တွေဝေလာပြီး အချိန်ကြာလာတာနဲ့အမျှ ဆုံးဖြတ်ချက်ချဖို့နှောင့်‌နှေးလာကြတာပဲဖြစ်ပါတယ်။

(၄) နောက်ဆုံးအနေနဲ့ကတော့ သင့်ရဲ့ဆုံးဖြတ်ချက်တွေက လက်တွေ့ကျနေဖို့လိုအပ်ပါတယ်။ လူတွေဟာ သာမန်အားဖြင့် အကြောင်းအရာတစ်ခုကို စိတ်ခံစားချက်အပေါ် မူတည်ပြီး ဆုံးဖြတ်ချက်ချလေ့ရှိပါတယ်။ ဒီအကြာင်းအရာနဲ့ ပတ်သတ်ပြီး ဥပမာပေးရမယ်ဆိုရင်တော့ သင်ဟာ သင့်ဝန်ထမ်းတစ်ဦးကို ခွင့်ရက်ရှည်ပေးရမယ်ဆိုပါစို့။ ပေးသင့်မပေးသင့်ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် သင်ဟာသင့်ရဲ့စိတ်ခံစားချက်ကို ဘေးဖယ်ထားပြီး သင့်ဝန်ထမ်းကိုထိုက်သင့်တဲ့ စဉ်းစားဆုံးဖြတ်မှုကို ပြုလုပ်ပြီးမှသာ ဆုံးဖြတ်ချက်ချသင့်ပါတယ်။

  • Share this post

Leave a Comment