ဝန်ထမ်းလုပ်ငန်းအတွေ့အကြုံစီမံခန့်ခွဲမှု (Human Experience Management) က HR တွေရဲ့ အနာဂတ်ဖြစ်လာနိုင်တဲ့ အကြောင်းအရာ ၅ ချက်

ယနေ့ခေတ်မှာ ကုမ္ပဏီတွေအနေ့နဲ့ ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင်အတွေ့အကြုံကို အလွန်အရေးထားလာကြပါတယ်။ ဝန်ထမ်းတွေအနေနဲ့လည်း လူမှုဆက်သွယ်ရေး ၊ ပွင့်လင်းမြင်သာမှု နဲ့ ကောင်းမွန်တဲ့ ဝန်ထမ်း ပတ်ဝန်းကျင်အသိုင်းအဝိုင်းကဲ့သို့သော အရာတွေကို အဓိကထားရှာဖွေပြီး အလုပ်ရှာဖွေလုပ်ကိုင်ကြပါတယ်။
ဝန်ထမ်းတွေအတွက် လုံခြုံမှု၊ လုပ်ငန်းနှင့်ချိတ်ဆက်ပါဝင်မှု နဲ့ အလုပ်ပြီးမြောက်မှုတွေကို အလေးထားရုံမျှမက ဝန်ထမ်းတွေရဲ့ အပြုသဘောဆောင်တဲ့ လုပ်ငန်းအတွေ့အကြုံရရှိနိုင်စေဖို့အတွက် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု နည်းပညာတွေဟာ လုပ်ငန်းတွေကို ကူညီဖြည့်စွက်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ဝန်ထမ်းရေးရာလုပ်ငန်းတွေဟာ ဝန်ထမ်းလုပ်ငန်းအတွေ့အကြုံ စီမံခန့်ခွဲမှုအဖြစ်ပြောင်းလဲလာနေတာဖြစ်ပါတယ်။
ဆက်လက်ဖော်ပြပေးမှာကတော့ ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုနဲ့သာမလုံလောက်တော့တဲ့ အရှိန်အဟုန်မြင့်လာတဲ့ ဝန်ထမ်းလုပ်ငန်းအတွေ့အကြုံစီမံခန့်ခွဲမှုရဲ့ အကြောင်းအရာ ၅ ချက်ဖြစ်ပါတယ်။
ပိုမိုမြင့်တက်တဲ့ဝန်ထမ်းတွေရဲ့ မျှော်လင့်ချက်
ဝန်ထမ်းတွေအနေနဲ့ လစာ တစ်ခုတည်းကိုသာ အဓိကထားအလုပ်ရှာဖွေလုပ်ကိုင်ကြတဲ့ ကာလတွေဟာ ကုန်ဆုံးသွားပါပြီ။ ယနေ့ခေတ်မှာတော့ ဝန်ထမ်းတွေဟာ လုပ်ငန်းခွင်မှာအသုံးပြုရတဲ့ နည်းပညာတွေ၊ ရုပ်ပိုင်းဆိုင်ရာ လုပ်ငန်းခွင်အခြေအနေနဲ့ သူတို့ရဲ့ တိုးတက်ဖွံ့ဖြိုးမှုအခွင့်အလမ်းတွေကို ပိုမိုအရေးထားလာကြပါတယ်။
ဝန်ထမ်းတွေအနေနဲ့ သူတို့အလုပ်ဝင်ဝင်ချင်းမှာမျှော်မှန်းထားသလို လိုချင်တဲ့ အတွေ့အကြုံတွေကို မရဘူးဆိုရင်တော့ ဆိုင်မှာဝယ်နေကျဖောက်သည်တွေ ပျောက်သလိုပျောက်သွားနိုင်ပါတယ်။ သူတို့ဟာ အတွေ့အကြုံတွေကို သူတို့ရဲ့ ပြုမူပုံ အလုပ်လုပ်ပုံ သူတို့နဲ့ ဆက်စပ်မှုရှိခြင်း အလုပ်ပြီးမြောက်မှုရှိခြင်းအစရှိတဲ့ အရာတွေနဲ့ ဆက်နွယ်ပြီးလိုလားကြတာဖြစ်ပါတယ်။ နည်းပညာ ကိရိယာတွေလို့ပြောတဲ့အခါ သူတို့နေ့စဥ်အလုပ်မှာအသုံးပြုရတဲ့ အရာတွေဖြစ်ပြီး အဲဒီနည်းပညာတွေဟာ လွယ်ကူ မြန်ဆန်ပြီး နေ့စဥ်ဘဝမှာ အသုံးပြုနိုင်တဲ့အထိ သက်တောင့်သက်သာ ရှိနေတာမျိုးကိုလိုလားကြတာဖြစ်ပါတယ်။
ထောင်စုနှစ်ဖွားတွေကတော့ တက်ကြွပြီး ပျော်ရွှင်စရာကောင်းတဲ့ အလုပ်အတွေ့အကြုံတွေကို ပိုပြီးလိုလားကြပါတယ်။ ဘယ်လိုအရာတွေဖြစ်မလဲဆိုတော့ အိမ်ကနေ သက်တောင့်သက်သာ အလုပ်လုပ်နိုင်တာ၊ ကုမ္ပဏီတစ်ခုရဲ့ ခိုင်မာတဲ့ အလုပ်ပန်းတိုင်နဲ့ရည်ရွယ်ချက်တွေ၊ လုပ်ငန်းခွင်အတွင်း နောက်ဆုံးပေါ်နည်းပညာအသုံးပြုမှု၊ အသိအမှတ်ပြုမှုနဲ့ မြှောက်စားမှုတွေဖြစ်ပါတယ်။ ဝန်ထမ်းတွေအနေနဲ့ ကုမ္ပဏီတွေကို သူတို့တွေအလုပ်လုပ်လိုစိတ်ဖြစ်ပေါ်အောင် ဖန်တီးပေးနိုင်တဲ့ အထောက်အကူပြုပစ္စည်းတွေမှာ ရင်းနှီးမြှုပ်နှံစေချင်ကြပါတယ်။ သူတို့အနေနဲ့ ပြောပိုင်ခွင့်တွေရှိတာကိုလိုလားပြီး လုပ်ငန်းရှင်တွေအနေနဲ့ အလေးထား ဆောင်ရွက်ပေးကြတာကိုလဲမျှော်လင့်ကြပါတယ်။
အစဥ်မပြတ်လိုအပ်နေတဲ့အရည်အချင်း
အလုပ်သမားစျေးကွက်ကျယ်ပြန့်လာတာနဲ့အမျှ ဝန်ထမ်းတွေရဲ့စာဖတ်လေ့လာချိန်တွေဟာနည်းပါးလာပါတယ်။ အလုပ်ရာထူးအများစုဟာ အရည်အချင်းအသစ်တွေလိုအပ်လာပြီး သင်တန်းတွေပေးနိုင်ဖို့လဲလိုအပ်လာပါတယ်။ ထိုနည်းတူစွာ ကုမ္ပဏီတွေအနေနဲ့လည်း ဝန်ထမ်းတွေရဲ့ အရည်ချင်းမပြည့်ဝ မလုံလောက်တဲ့ပြဿနာကို ရင်ဆိုင်ဖြေရှင်းကြရတော့မှာပဲဖြစ်ပါတယ်။
အလုပ်တွေထိထိရောက်ရောက်မှန်မှန်ကန်ကန်ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်မည့် ဝန်ထမ်းကိုရှာဖွေပြီး အစဥ်မပြတ်သင်ယူလေ့လာနိုင်တဲ့လုပ်ငန်းခွင်ကို ဖန်တီးနိုင်ဖို့ဟာ ကုမ္ပဏီများအတွက် အလွန်အရေးကြီးလှပါတယ်။ အရည်အချင်းပြည့်ဝနေတဲ့ ဝန်ထမ်းတွေအတွက်ကတော့ ကုမ္ပဏီတွေအနေနဲ့ ဆက်လက်ထိန်းသိမ်းထားနိုင်မဲ့နည်းလမ်းတွေကို ရှာဖွေနေသင့်ပါတယ်။
ဝန်ထမ်းတွေဟာ ကုမ္ပဏီတစ်ခုရဲ့ တိုးတက်မှု အတွက် ဆောင်ရွက်နေကြတဲ့အတွက် သူတို့ရဲ့ အရည်အချင်းတွေကို ပြည့်ဝအောင်ဖန်တီးပေးခြင်းနဲ့ ထိန်းသိမ်းပေးခြင်းဟာ ဝန်ထမ်းလုပ်ငန်းအတွေ့အကြုံစီမံခန့်ခွဲမှုရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဌမှာ တဖြည်းဖြည်းပါဝင်လာပြီဖြစ်ပါတယ်။ဒါဟာ သူတို့ရဲ့တကိုယ်ရည် တိုးတက်မှု နဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ တိုးတက်မှုတွေမှာ အကျိုးသက်ရောက်မှုရှိနေတာဖြစ်တဲ့အပြင် ကုမ္ပဏီတွေ ပိုမိုတိုးတက်လာဖို့ အထောက်အကူပြုနိုင်ပါတယ်။
လုပ်ငန်းခွင်မြန်ဆန်လည်ပတ်မှု၏အရေးပါမှု
ကျွန်ုပ်တို့အနေနဲ့ လုပ်ငန်းတွေရဲ့ မြန်ဆန်လှတဲ့ ပြောင်းလဲမှုတွေကို ခေတ်နဲ့အပြိုင်တွေ့နေရပါတယ်။ ကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်းတွေဘယ်လိုအလုပ်လုပ်ရမယ် ဆိုတာနဲ့ လုပ်အားခရမယ်ဆိုတာတွေကို ပြန်လည်သတ်မှတ်တာတွေကိုလဲတွေ့နေရပါတယ်။ တိုးတက်ကောင်းမွန်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ဖို့အတွက် လုပ်ငန်းရှင်တွေနဲ့ HR တွေဟာ လဲ သွက်လက်ပြီး ကောင်းမွန်တဲ့ ရလဒ်တွေပေးနိုင်တဲ့ ဝန်ထမ်းတွေကို ခန့်အပ်ထားဖို့လိုအပ်ပါတယ်။
ဝန်ထမ်းလုပ်ငန်းခွင်အတွေ့အကြုံစီမံခန့်ခွဲမှု ဟာ HR တွေရဲ့ အနာဂတ်ဖြစ်လာနိုင်တဲ့အတွက် HR များအနေနဲ့ ဝန်ထမ်းဦးရေတိုးမြှင့်ခန့်အပ်ချိန်၊ လျှော့ချချိန်တွေမှာလဲ သင့်လျော်တဲ့ အပြောင်းအလဲတွေကို ပြုလုပ်သင့်ပါတယ်။ လုပ်ငန်းအတွက် ပိုမိုကောင်းမွန်လည်ပတ်စေမဲ့ နည်းဥပဒေများနဲ့ လုပ်ငန်းစဥ်တွေကိုလဲချမှတ်သင့်ပါတယ်။ ဥပမာ ပိုမိုပြည့်စုံတဲ့ အခွင့်ခံစားမှုမျိုးပေးခြင်း သို့မဟုတ် တိုးတက်မှုအခွင့်အလမ်းများအတွက် အခွင့်အရေးများပိုမိုပေးခြင်း။
ဝန်ထမ်းလုပ်ငန်းခွင်အတွေ့အကြုံစီမံခန့်ခွဲမှုနဲ့ အတူ လုပ်ငန်းရှင်တွေအနေနဲ့ မြန်ဆန် ကောင်းမွန်တဲ့ နည်းပညာတွေကို အသုံးချဆောင်ရွက်ပါက လုပ်ငန်းများအနေနဲ့ ရလဒ်ကောင်းတွေကို ရရှိနိုင်မယ့် အခြေအနေသစ်တစ်ရပ်ကို ရောက်မှာအသေအချာပါပဲ။
လုပ်ငန်းခွင် ယဉ်ကျေးမှု
ပွင့်လင်းကောင်းမွန်တဲ့ လုပ်ငန်းခွင်ယဥ်ကျေးမှုတွေဟာ ဝန်ထမ်းကောင်းတွေ လာရောက်အလုပ်လုပ်နိုင်ဖို့ အမြဲဆွဲဆောင်နေပါတယ်။ ဒီလို လုပ်ငန်းခွင်ဖြစ်ဖို့တော့ ကုမ္ပဏီတွေအနေနဲ့ အချိန် နဲ့ အားစိုက်ထုတ်မှုတွေအများကြီးလိုအပ်ပါတယ်။ ကောင်းမွန်တဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုတွေက နေ့ချင်းညချင်းပေါ်ပေါက်လာနိုင်တာတော့မဟုတ်ပေမဲ့ အဆက်မပြတ်ကြိုးစားပြီး နေ့စဥ်နဲ့အမျှ ဝန်ထမ်းတွေနဲ့ သူတို့ ရဲ့ဆုံးဖြတ်ချက်၊ အကြံဉာဏ်တွေကို နားထောင်ပြီး ဆောင်ရွက်နိုင်ပါတယ်။ ဝန်ထမ်းတွေရဲ့ ပြုမူ ခံစား တွေးခေါ်ပုံတွေဟာ လုပ်ငန်းပတ်ဝန်းကျင်အနေအထားကြောင့်ဖြစ်လာတယ်ဆိုတာလဲ မမေ့သင့်ပါဘူး။
ဝန်ထမ်းလုပ်ငန်းခွင်အတွေ့အကြုံစီမံခန့်ခွဲမှုဟာ ကုမ္ပဏီယဥ်ကျေးမှုကိုဖန်တီးနိုင်တဲ့ ဝန်ထမ်းတွေရဲ့ အသံပဲကို ကိုယ်စားပြုနိုင်ပါတယ်။ ဒီလို အပြိုင်အဆိုင်များလှတဲ့ ကာလတစ်ခုမှာ အားလုံးပါဝင်ပျော်ရွှင်ပြီး ဆန်းသစ်တီထွင်နိုင်တဲ့ လုပ်ငန်းခွင်ယဥ်ကျေးမှုဟာ အရေးကြီးလာတဲ့ အရာတစ်ခုလဲဖြစ်လို့နေပါတယ်။
အချိန်ကျရောက်လာပါပြီ
ခန့်မှန်းရခက်ပြီး အပြိုင်အဆိုင်များလှတဲ့ စီးပွားရေးလုပ်ငန်းတွေကြားထဲမှာ ဝန်ထမ်းတွေရဲ့ လုပ်ငန်းအတွေ့အကြုံ ကိုနားလည်ဂရုစိုက်ပေးနိုင်ဖို့ဟာ ခက်ခဲလှပါတယ်။ ဒီလိုလုပ်နိုင်တဲ့လုပ်ငန်းတွေဟာလဲ အလုပ်ထွက်နှုန်းနည်းပါးကာ ကောင်းမွန်တဲ့ ဝန်ထမ်းတွေရရှိပြီး ပိုကောင်းတဲ့အလုပ်ရလဒ်တွေကို ဖော်ဆောင်နိုင်ကြပါတယ်။ ပိုကောင်းတဲ့ ဝန်ထမ်း လုပ်ငန်းခွင်အတွေ့အကြုံ ဆိုတာ ဝန်ထမ်းတွေစိတ်သက်သာရာရဖို့အတွက်ပဲ မဟုတ်ပါဘူး သူတို့အကောင်းဆုံး အရည်အချင်းတွေနဲ့ အကောင်းဆုံးအလုပ်တွေကို ဆက်လက်လုပ်ကိုင်နိုင်စေဖို့လဲ ပါဝင်ပါတယ်။ ဝန်ထမ်းလုပ်ငန်းခွင်အတွေ့အကြုံတွေဟာ အရေးကြီးလွန်းလှတဲ့အတွက် လုပ်ငန်းတွေအနေနဲ့လဲ ဒီအချိန်ဆက်လက်ငြင်းပယ်ထားလို့မရတော့ပါဘူး။