fbpx

အချိန်ဆွဲခြင်းတတ်တဲ့အကျင့်ကို ရပ်တန့်ဖို့ အချက် (၅) ချက်

အချိန်ဆွဲခြင်းတတ်တဲ့အကျင့်ကို ရပ်တန့်ဖို့ အချက် (၅) ချက်

Intern Pluser တို့ အလုပ်​တွေကို ​စလုပ်ဖို့ ခက်ခဲ​နေပြီး အချိန်ဆွဲတာနဲ့ ကျင့်သားရ​နေပြီလား။ ဒါက ​ရေရှည်အတွက်မ​ကောင်းတာ သင်ကိုယ်တိုင်လည်း ရိပ်မိမှာပါ။ ဘာလို့ဆို​တော့ အချိန်ဆွဲတာက အလုပ်​တွေပြီးသွား​သစတာမ​ဟုတ်ပဲ ပိုပြီးစုပုံလာ​စေတဲ့အတွက် ​နောက်ကျမှ ​နောင်တရတဲ့ အဖြစ်မျိုး​ပေါ့။ ဒီလို မ​ကောင်းတဲ့ အ​လေ့အထကို ​အခုပဲ စတင်ပြုပြင်လိုက်ကြမလား။ ဒါဆိုရင် အချိန်ဆွဲတာကို ဘယ်လိုရပ်တန့်ကြမလဲ။

✅ကိုယ့်ကိုယ်ကို အချိန်ဆွဲတဲ့လူတစ်​ယောက်လို့ သတ်မှတ်​နေတာကို ရပ်လိုက်ပါ။ အတိတ်မှာ အချိန်ဆွဲခဲ့တာ​တွေအတွက်လည်း ကိုယ့်ကိုယ်ကို အပြစ်တင်မ​နေပါနဲ့​တော့။ အဲ့အစား ကိုယ်​ရှေ့ဆက်လုပ်ရမယ့်အရာ​တွေ အတွက်ပဲ စဥ်းစားပါ။ ကိုယ့်စိတ်ကို အရင်ပြုပြင်ပါ။

✅အလုပ်​တွေကို 15 minutes အတွင်းအပြီးလုပ်ပါ။ တကယ်​တမ်း အလုပ်​တွေကို ၁၅ မိနစ်နဲ့ ပြီးနိုင်ပါ့မလား။ မပူပါနဲ့။ ကျွန်​တော်တို့က အကြာကြီးလုပ်ရမယ့်အလုပ်ဆို မလုပ်ချင်ကြဘူးမလား။ ၁၅ မိနစ် အတွင်းပြီးနိုင်မယ်လို့ယူဆပြီး အခုပဲစလုပ်လိုက်ပါ။ သင့်အလုပ်​တွေ ခဏအတွင်းမှာပြီးပါလိမ့်မယ်။

✅လုပ်ရမယ့် Tasks ​တွေကို အပိုင်း​သေး​သေး​လေး​တွေခွဲပါ။ Video တစ်ခုကြည့်ရင်​တောင် အကြာကြီးဆိုပျင်းကြတယ်မလား။ ဒါ​ပေမယ့် ၃ မိနစ်စာ video ၁၀ ခုကို​တော့ သင်ခဏ​လေးနဲ့ပြီး​ပအာင်ကြည့်ဖြစ်သွားမှာပါ။ ဒီလိုပဲ အလုပ်​တွေကို အပိုင်း​သေး​သေး​လေး​တွေ တစ်ခုချင်းစီပြီး​အောင်လုပ်သွားတာက တစ်ခဏ​လေးအတွင်းမှာ အလုပ်​တွေအကုန်ပြီး​စေပါတယ်။

✅သင့်ရဲ့ တစ်​နေ့တာကို အခက်ခဲဆုံး အလုပ်က​နေ စတင်ပါ။ မနက်ခင်းပိုင်းမှာ ဦး​နှောက်က ကြည်လင်​နေတဲ့ အတွက် ခက်ခဲတဲ့အလုပ်​တွေကို​တောင် ​ချော​ချော​မွေ့​မွေ့ ပြီး​သစနိုင်မှာပါ။ ဒါမှ ​နောက်ဆက်လုပ်ရမယ့် အလုပ်​တွေကို အလွယ်တကူပြီး​တော့မှာ​ပေါ့။

✅ကိုယ့်ကိုယ်ကို အား​ပေးစကား​ပြောပါ။ “ငါလုပ်နိုင်တယ်” ဆိုပြီး ​ကြွေး​ကြော်လိုက်တာ​ဟာ အလုပ်စလုပ်ဖို့အတွက် ခွန်အား​တွေအများကြီးယူ​ဆောင်လာ​ပေးနိုင်ပါတယ်။ ဒီလိုပဲ ကိုယ်နာမည်ကိုယ် ဟစ်​ကြွေးပြီး အား​ပေးစကား​တွေ​ပြော​ပေးပါ။ 🌟😊

ဒါ​တွေကို လုပ်ကြည့်ပြီးရင်​တော့ သင်ဟာ အခုဆိုရင် အချိန်ဆွဲတဲ့သူတစ်​ယောက်မဟုတ်​တော့ဘူးဆိုတာ သိ​ထားဖို့လိုမယ်​နော်။😉

  • Share this post

Leave a Comment