အိမ်တွင်းအောင်းရင်း Internet ပေါ်မှာ Social Media တွေသုံးရင်း အချိန်တွေကုန်ဆုံးနေမိပြီလား?

အိမ်တွင်းအောင်းရင်း Internet ပေါ်မှာ Social Media တွေသုံးရင်း အချိန်တွေကုန်ဆုံးနေမိပြီလား =====
Stay at Home ကာလမှာ Device တွေပေါ်မှာပဲ ကိုယ့်ရဲ့ အဖိုးတန်အချိန်တွေကို ဖြတ်သန်းမိနေတဲ့ လူငယ်တွေအတွက် Intern Plus က အကြံလေး တစ်ချို့ပေးချင်ပါတယ်။ အဲ့ဒါတွေကတော့..
မနက်အစောထ လေ့ကျင့်ခန်းလုပ်ပြီး Breakfast ကောင်းကောင်း တစ်နပ် ချက်စားပါ။
အလုပ်အတွက်ကလွဲလို့ ရှိသမျှ Social Media App တွေကို Noti Off ထားပြီး တစ်နေ့တာကိုဖြတ်သန်းကြည့်ပါ။
နားချိန်တွေမှာ Screen တွေကို ရှောင်ပြီး သတင်းစာ၊ စာအုပ်ဖတ်ရင်း ခေတ်နောက်ပြန်ဆွဲကြည့်ပါ။
ချည်ထိုးတာ ဒါမှမဟုတ်၊ တူရိယာတစ်ခုခုတီးတာစတဲ့ လက်မှုပညာရပ်လေးတွေ သင်ယူကြည့်ပါ။
Self-care လို့ ပြောလေ့ရှိကြတဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အတွက် မနက်၊ ည Routine လေးတွေ သတ်မှတ်ပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။
Screen ပေါ်က Life ကို ခဏလေးမေ့ထားပြီး တကယ့်လက်တွေ့ အပြင်က life ကို အာရုံထားပြီး သေချာနေထိုင်ဖြတ်သန်းမယ်ဆိုရင် ကိုယ်ရော စိတ်ပါ ကျန်းမာပြီး နေ့ရက်တိုင်းမှာ အကောင်းမြင်စိတ်တွေတိုးပွားလာမှာပါ။