fbpx

2021 အတွက် New Year Resolution တွေအဆင်သင့်ဖြစ်နေပြီလား?

🥳 2021 အတွက် New Year Resolution တွေအဆင်သင့်ဖြစ်နေပြီလား❓

Intern pluser တို့ရေ ၂၀၂၀ ခုနှစ်ကြီးကတော့ တဖြည်းဖြည်းတရွေ့ရွေ့နဲ့ ကုန်လာလိုက်တာ December လကို ရောက်လာခဲ့ပါပြီ။ ၂၀၂၀ တစ်နှစ်လုံးကတော့ ကိုဗစ်ကပ်ရောဂါကြီးကြောင့် Intern Pluser တို့ရော Admin တို့ကိုရော အခက်အခဲတွေဖြစ်စေခဲ့ပါတယ်နော်။ ဒါပေမယ့်လည်း ဘယ်လိုအခက်အခဲတွေရှိခဲ့ပါစေ Intern Pluser တို့အနေနဲ့ လာမယ့်နှစ်သစ်အတွက် Ready ဖြစ်နေကြပြီလား❓ ဒါမှမဟုတ် ခုချိန်ထိ အိပ်ယာထဲမှာပဲအတွေးတွေနဲ့ မနိုးထနိုင်ဖြစ်နေသေးသလား❓ ဒီလိုဆိုရင်တော့ ကိုဗစ်ကာလပြီးသွားလို့ သူများတွေ Year Plan အသစ်တွေ Resolution အသစ်တွေနဲ့ပျော်ရွှင်နေချိန်မှာ ကိုယ်ကတော့ တစ်ယောက်တည်း ကျန်ခဲ့နေဦးမှာပါပဲနော်။ ကဲဒီလို မဖြစ်ရလေအောင် လာမယ့်နှစ်သစ်အတွက် မိမိရဲ့ New Year Resolutions ထဲမှာ ထားရှိသင့်တဲ့ အချက်လေးတချို့ကိုဖော်ပြပေးလိုက်ပါတယ်နော်။

👉(၁) စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ကျန်းမာမှုကို ရှာဖွေပါ။ စိတ်ကျန်းမာရေးက လူငယ်တွေအတွက် အရမ်းကို အရေးပါတဲ့ အခန်းကဏ္ဌမှာပါဝင်လာပါတယ်။ ခေတ်နဲ့အညီတိုးတက်ပြောင်းလဲလာတဲ့ အခါ လူတွေကို တိုးတက်မှုနောက်တွေကိုလိုက်ရင်း မိမိရဲ့ စိတ်ပျော်ရွှင်ကျန်းမာမှုကို လစ်လျူရှုမိတတ်ကြပါတယ်။ စိတ်မပျော်ရွှင်တဲ့အခါ လုပ်သမျှအရာရာတိုင်းမှာ အလိုမကျ စိတ်ပူပန်တာတွေဖြစ်လာပြီး ကျရှုံးတတ်ကြပါတယ်။ ဒါကြောင့် စိတ်ကိုတည်ငြိမ်ပြီးအေးချမ်းအောင် စာအုပ်ဖတ်တာ၊ ၅ မိနစ်လောက် တရားထိုင်တာ ဒါမှမဟုတ် စိတ်အရမ်းပင်ပန်းလာတဲ့အခါ မိမိရဲ့ ရင်းနှီးတဲ့ သူငယ်ချင်း မိတ်ဆွေ မိဘညီအကိုမောင်နှမတွေဆီက စိတ်ပိုင်းဆိုင်ရာအကူအညီ (Emotional support ) ရယူတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။

👉(၂) Exercise! စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်မှုလို့ပြောပြီးတဲ့အခါ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်မှုကိုလည်း ချန်ထားခဲ့လို့မရပါဘူးနော်။ လေ့ကျင့်ခန်း ပြုလုပ်တာဟာ 6 packs ရဖို့ အမိုက်စားခန္ဓာကိုယ် ရဖို့ဆိုတာထက် မိမိခန္ဓာကိုယ် သွေးလည်ပတ်မှုမှန်ကန်စေဖို့ ကိုဗစ်ကြောင့် အိမ်ထဲမှာပဲနေနေတဲ့ Intern Pluser လေးတို့ လှုပ်လှုပ်ရှားရှားရှိနေစေဖို့ ပါဝင်သလို လေ့ကျင့်ခန်းပြုလုပ်ရင်း မိမိရဲ့ ယုံကြည်မှုတိုးလာစေဖို့လဲ ရည်ရွယ်ပါတယ်။ အဲဒီအတွက်ကြောင့် တရက်ကို ၁၅ မိနစ်လောက် လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းကလဲ New Year Resolution ထဲမှာပါဝင်သင့်တဲ့အချက်တစ်ခုဖြစ်နေပါတယ်နော်။

👉(၃) Skill အသစ်တစ်ခုကို သင်ယူတတ်မြောက်မယ်။ ကျောင်းတက်နေရင်းဖြစ်ဖြစ်၊ အလုပ်ခွင်ထဲဝင်ဖို့ပဲဖြစ်ဖြစ် မိမိရဲ့ အားလပ်ချိန်လေးတွေကို စိတ်လဲအပန်းပြေစေပြီး ကိုယ့်ကိုကိုယ်လဲ တစ်ခုတစ်ခုကို သင်ယူတတ်မြောက်နေတယ်လို့ ခံစားရစေမယ့် Skills အသစ်လေးတွေကို သင်ယူဖို့ကလဲလို အပ်ပါတယ်။ Language အသစ်တစ်ခုကို သင်ယူမလား❓ လက်မှုပညာ တစ်ခုကို သင်ယူမလား❓ လုပ်ငန်းခွင်မှာ အသုံးပြုလို့ရနိုင်မယ့် Technical or Soft Skills တွေသင်ယူမလား ဆိုတာကတော့ Intern Pluser တို့က ဆုံးဖြတ်ရမှာပါနော်။

👉(၄) အပြုသဘောဆောင်တဲ့ အပြုအမူလေးတွေလုပ်ကြမယ်။ အပြုသဘောဆောင်တယ်လို့ ပြောတဲ့အခါ ပြုလုပ်လို့ရတဲ့အရာလေးတွေအများကြီးရှိပါတယ်။ ဒါတွေထဲမှာပြုလုပ်လို့ရတဲ့အရာတွေက လုပ်အားပေးလုပ်တာ၊ မိမိအသိမိတ်ဆွေတွေကို Compliments လေးတွေပေးတာ၊ မိမိရဲ့ အဝတ်အစားအဟောင်းတွေလှူတာမျိုးတွေပြုလုပ်လို့ရပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းတွေက မိမိရဲ့ Network လေးတွေတိုးပွားလာစေမှာဖြစ်သလို မိမိကိုယ်တိုင်ကိုလည်း စိတ်ပျော်ရွှင်ကျေနပ်မှုကို ရရှိနိုင်ပါတယ်။

👉(၅) လောကကြီးနဲ့အဆက်မပြတ်အောင်နေကြမယ်။ ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်ကြမယ့် Intern Pluser တို့အနေနဲ့ လတ်တလောမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ ကို မျက်ခြည်မပြတ်သိထားဖို့လိုအပ်ပါတယ်။ ဒါ့အတွက်ကြောင့် မနက်မိုးလင်းတဲ့အခါ Social Media ကတဆင့် သတင်း Page လေးတွေမှာ မိမိစိတ်ဝင်စားတဲ့အကြောင်းအရာလေးတွေကို ဝင်ဖတ်ပြီး သူငယ်ချင်းမိတ်ဆွေတွေနဲ့ တွေ့တဲ့အခါ ဆွေးနွေးတာမျိုးလေးတွေပြုလုပ်နိုင်ပါတယ်နော်။

💁‍♀️ကဲ Intern Pluser တို့အတွက် New Year Resolution အဖြစ်ထည့်သွင်းသင့်တဲ့အချက်တချို့ကို ဖော်ပြပေးပြီးပြီဆိုတော့ Intern Pluser တို့အနေနဲ့ကော မိမိရဲ့ 2021 New Year Resolutions တွေကဘာတွေဖြစ်မလဲ❓ 2021 ကြီးကို အောင်အောင်မြင်မြင်ကျော်ဖြတ်ပြီး အခြား Intern Pluser တွေကိုလည်း မိမိရဲ့ New Year Resolution လေးနဲ့ inspire လုပ်ချင်ရင် ကိုယ့်ရဲ့ Resolution တစ်ခုကိုလဲ Comment မှာချရေးပေးခဲ့လို့ရပါတယ်နော်။ New Year Resolution ကို Plan မလုပ်ရသေးသူများအတွက်လည်း ဒီဇင်ဘာတစ်လ လုံးကျန်နေသေးတဲ့အတွက် Plan လုပ်ပြီး အခြား Intern Pluser တွေနဲ့ share လို့ရပါတယ်နော်။ Happy December❗️

Leave a Comment