fbpx

How to Develop Emotional Intelligence?

Emotional Intelligence or Emotional Quotient (EQ) ကို တိုးတက်အောင် ဘယ်လိုလုပ်မလဲ?

Emotional Intelligence or Emotional Quotient (EQ) ဆိုတာကို တော့လူတိုင်းသိပြီးကြပြီ ထင်ပါတယ်နော်။ EQ ကတော့ စိတ်ခံစားချက်တွေကို ကောင်းမွန်စွာ စီမံ ခန့်ခွဲနိုင်တဲ့ အရည်အချင်းကိုခေါ်ပါတယ်။

EQ မြင့်တဲ့သူတွေက ကိုယ့်ရဲ့ စိတ်ခံစားချက်သာမက တခြားသူတွေရဲ့ စိတ်ခံစားချက်ကိုပါ ထိန်းချုပ်နိုင်တဲ့အတွက် အလုပ် လုပ်တဲ့အခါ ပိုပြီး အောင်မြင်ကြပါတယ်။ EQ ကိုပျိုးထောင်ဖို့ ဆိုရင် သူ့ရဲ့ 🗝Key Elements 4 ခုကို သိထားဖို့ လိုပါတယ်နော်။ အဲ့ဒါတွေကတော့

1️⃣ Self-awarenessပထမဆုံးအဆင့်က ကိုယ့်စိတ်ကို သိရပါမယ်နော်။ စိတ်ဆိုးတဲ့ အခါ၊ ဝမ်းနည်းတဲ့ အခါမျိုးတွေမှာ ဘာကြောင့်လဲဆိုတာကို သတိလေးကပ်ပြီး ပြန်ဆန်းစစ်ကြည့်ပါနော်။

2️⃣Self-management ကိုယ်ရဲ့ စိတ်ကိုသိပြီဆိုရင် ထိန်းချုပ်ဖို့ကြိုးစားရပါမယ်နော်။ ကိုယ်က စိတ်ဆိုးရတဲ့ အကြောင်းအရင်းကို သိပြီဆိုရင် ပေါက်ကွဲ နေမယ့်အစား ဘယ်လို ဖြေရှင်းမလဲ❓ ကိုယ့်အတွက် ဘာက အရေးကြီးလဲ❓ ကိုယ့်ရဲ့ တာဝန်က ဘာလဲ❓ ဆိုတာတွေကို စိတ်ငြိမ်ငြိမ်ထားပြီး ပြန်စဉ်းစားကြည့်ပါနော်။

3️⃣Social-awarenessမိမိရဲ့ စိတ်ကို ထိန်းချုပ်နိုင်ပြီဆိုရင် သူများစိတ်ကို သိနိုင်ဖို့ Empathy ဆိုတဲ့ ကိုယ်ချင်းစာစိတ်က အရေးကြီးပါတယ်။ “ငါသာ သူ့နေရာမှာဆိုရင်…..” လို့တွေးကြည့်ရင် သူ့ရဲ့ စိတ်ခံစားမှုကို နားလည်လာနိုင်ပါတယ်နော်။ အဲဒါအပြင် Empathy ရှိတဲ့သူတစ်ယောက်က Team player ကောင်းတစ်ယောက်လည်း ဖြစ်တာမို့လို့ ကိုယ့် Team ထဲက လူတွေရဲ့ စိတ်ကို နားလည်ဖို့လိုအပ်ပါတယ်နော်။

4️⃣Relationship-managementRelationship-management ကတော့ သူများတွေနဲ့ အလိုက်သင့် ပေါင်းသင်းနိုင်တာ၊ ပြဿနာတွေ ကိုင်တွယ်ဖြေရှင်းတာ၊ ကိုယ်လိုချင်တာကို ရအောင်ပြောဆို သိမ်းသွင်းနိုင်တာ အပြင် တခြားသူတွေအတွက် လိုအပ်တာတွေ ပံ့ပိုးပေးတာ တိုးတက်အောင်ကူညီပေးတာတွေ ပါဝင်ပါတယ်။ အဲ့ဒီလိုတွေလုပ်နိုင်ဖို့ အတွက်က သူတို့စိတ်ခံစားမှုကို သိနိုင်ဖို့ လိုတာမလို့ Good Listener ဖြစ်ဖို့ နဲ့ Positive manner တွေရှိဖို့ကအရေးကြီးပါတယ်နော်။

အခုခေတ် အလုပ်ခန့်တဲ့ အခါ IQ အပြင် EQ ကိုပါ အလေးပေးလာတာမလို့ သေသေချာချာ ပျိုးထောင်ထားဖို့ တိုက်တွန်းချင်ပါတယ်နော်။

  • Share this post

Leave a Comment