fbpx

5 tough questions the managers want to ask, but don’t

အောက်ပါအချက် (၅) ချက်က manager ​တွေကိုယ်တိုင်နားလည်သ​ဘော​ပေါက်ခြင်းမရှိ​ပေမယ့်ထုတ်​မေးဖို့မသင့်​တော်တာ၊ ​မ​မေးရဲတာ၊ ​မေးဖို့ကသိက​အောက်ဖစ်တဲ့အချက်(၅)ချက်ဖြစ်ပါတယ်။ သို့​သော်လည်းသိသင့်ထားတဲ့အချက်​တွေလည်းဖြစ်တာ​ကြောင့် တစ်ခါတည်းစုစည်း​ရှင်းပြထားပါတယ်။

1. “လူ​​တွေကသူလုပ်ရမယ့်အလုပ်သူလုပ်​နေတာ​လေးကိုဘာလို့ထပ်ပြီးချီးကျူး/ချီး​မြှောက်ရတာလဲ?”

အ​ဖြေက​တော့ရှင်းပါတယ် “positive reinforcement” လို့​ပဲ​ပြောချင်ပါတယ်။ လူ​တွေကအလုပ်တစ်ခုအတွက်ဆုချီးမြှင့်ခံရရင် အဲ့လိုအလုပ်မျိုး​တွေများများလုပ်တတ်ကြပါတယ်။ဆုချီးမြင့်တယ်ဆိုတဲ့စကားဟာ incentive ဆန်​ပေမယ့် ချီးကျူးဂုဏ်ပြုခြင်းကလည်းဆုတစ်မျိုးဖြစ်ပါတယ်။ အကယ်၍သင်ကလူတစ်​​ယောက်သူ့အလုပ်မှာ​ကောင်း​ကောင်းလုပ်​​နေတာမျိုးထိန်းထားပီးဆက်လုပ်​စေချင်ရင်သူတို့အလုပ်ကချီးကျူးဖို့ထိုက်တန်​ကြောင်းသက်​သေပြလိုက်ပါ။

2. “ငါတို့လစာ​ကောင်း​ကောင်း​ပေး​နေတာပဲ။ ​ငွေဆိုတာလုံ​လောက်တဲ့ motivation မဟုတ်ဘူးလား?”

ခြုံငုံပြီး​​ပြောရရင်​တော့ မဟုတ်ပါဘူး။ လူတစ်ချို့အတွက်​တော့လုံ​လောက်ပေမယ့် တစ်ချို့က​တော့မတူပါဘူး။ အဲ့လိုအတူတဲ့လူ​တွေကိုပါ motivate ဖြစ်​အောင်လုပ်ရတာ leader ရဲ့အလုပ်ထဲမှာပါပါတယ်။ လူ​တွေဆိုတာအမျိုးမျိုးရှိပြီး ကိုယ်နဲ့​တွေ့ကြုံတဲ့လူ​တွေရဲ့မတူညီမှု​တွေကိုလည်း​ဝေဖန်ပိုင်ခွင့်မရှိဘူးဆိုတာ leader ​ဆိုတာလက်ခံ​ပေးရပါတယ်။

အဲ့ဒါ​ကြောင့် manager ​တွေဟာ employee ​တွေနဲ့​ကောင်းမွန်တဲ့ communication ရှိခြင်းအားဖြင့် တစ်​ယောက်ခြင်းစီရဲ့ Motivator က ​ငွေလား၊ အသိအမှတ်အပြုခံရတာလား၊ challenging work လား၊ opportunity လားဆိုတာ​တွေကိုသိနိုင်ပီး employee ​တွေရဲ့လိုအပ်ချက်အတိုင်း engage ဖြစ်​အောင်လုပ်​ဆောင်နိုင်မှာပါ။

3. “ ဒီတိုင်း သာမန်ကာလျှံကာ ပြောပေးတာမျိုးမဟုတ်ဘဲ ဘယ်လိုချီးကျူးပေးလို့ရလဲ “

Manager တွေတွေးလေ့ရှိတာ နောက်တစ်ခုက စိတ်ရင်းကို ပြပြီး ဘယ်လို ချီးမြှောက်ပေးရမလဲ ဆိုတာပါ။ ဒါအတွက် ပထမဆုံး တစ်ခုက

Specific – ဒီအတိုင်း “မဆိုးဘူး တော်တယ်” ဆိုတာမျိုးထက် ဖြစ်ပျက်ခဲ့တာနဲ့ ပက်သတ်ပြီး ဘာကြောင့်အရေးကြီးသည်ကိုအတိအကျပြောပါ။ ဥပမာ -“ ဒီ project အတွက် အားလုံး အတူတကွကြိုးစားပေးခဲ့ကြလို့ တကယ်ကို ကျေးဇူးတင်ပါတယ်။ အသင်းအတွက် မင်းတို့ရဲ့ အားစိုက်ထုတ်မှုက ငါတို့ရဲ့ရည်မှန်းချက်ကို မြန်မြန်ဆန်ဆန်ရောက်အောင်လုပ်ပေးခဲ့တာပါ “ အဲဒီလိုမျိုး အချိန်မှီချက်ချင်းချီးမွမ်းသင့်ပါတယ်။

4. “ ငါ ဘယ်လို ချီးကျူးပေးရမလဲ နဲ့ပတ်သက်ပြီး အဆင်မပြေဖြစ်နေဖို့ မလိုအပ်ပါဘူး။ ဒီတိုင်း အီးမေးလ်ပို့လို့ ရတာပဲ မဟုတ်ဘူးလား “

Uram က တစ်ခါတရံမှာ သင့်အနေနဲ့ “ ၀န်ထမ်းတွေအဆင်ပြေဆုံး ဖြစ်အောင် ချီးမွမ်းပေးသင့်တယ်” လို့ဖော်ပြထားဖူးပါတယ်။ ဝန်ထမ်းတွေအနေနဲ့က လူတွေ အများကြီးရဲ့ ရှေ့မှာချီးကျူးခံချင်တာ သဘာဝပါ။

ဒါကြောင့်မလို့ လူအများကြားမှာ အပြုသဘောဆောင်သည့်အပြုအမူတွေနဲ့ ချီးကျူးပေးခြင်းက သင့်အနေနဲ့ employee တွေကို အလေးထားချီးကျူးပေးတာ ပေါ်လွင်စေပါတယ်။

5. “ Performance review ကောင်းကောင်းပေးထားတာပဲ။ ဒါနဲ့မလုံလောက်ဘူးလား “

ဒီလိုမျိုးဆိုလည်း မဟုတ်ပါဘူး။ Manager တစ်ယောက်အနေနဲ့ဆို employee တွေရဲ့ ကြိုးစား အားထုတ်မှုကို သေချာပေါက် အိအမှတ်ပြု ချီးကျူးပေးဖို့ လိုအပ်ပါတယ်။

ဒါပေမယ့် အမြဲ လိုလို ချီးကျူးပေးနေတာမျိုးထပ် ထိထိရောက်ရောက် ချီးကျူးဂုဏ်ပြုပေးတာက employee တွေအတွက် ပိုအလေးထားနေစေမှာပါ။

  • Share this post

Leave a Comment