fbpx

Advantages of Internship

Advantages of Internship

💁‍♀️ဒီနေ့မှာတော့ Intern Pluser တို့ကို Internship ဆင်းခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပြောပြပေးမယ်နော်။ Internship(အလုပ်သင်ဆင်းခြင်း)ဆိုတာဟာ beginner တစ်ယောက်ကို သူ့ရဲ့ အလုပ်အကိုင်နဲ့ ပက်သက်လို့ လက်တွေ့ အတွေ့အကြုံရစေတဲ့ အစီအစဥ်တစ်ခုပဲဖြစ်ပါတယ်။

Internship ဆင်းတာနဲ့ ပက်သက်လို့ ရနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့…

👉ကျောင်းမှာစာတွေ့ သင်ခဲ့ရတဲ့ သင်ခန်းစာတွေကို အလုပ်မှာ လက်တွေ့ ပြန်အသုံးချလို့ရတယ်။

👉အလုပ်ခွင်မှာ လူအများနဲ့ဆက်ဆံရတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ networking skill တိုးတက်လာစေနိုင်ပါတယ်။

👉ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ အထက်လူကြီးတွေဆီကနေ ကိုယ်မသိနားမလည်တာတွေ မေးပြီး သင်ယူနိုင်ပါတယ်။

👉ကိုယ်ဟာလုပ်ငန်းခွင်ထဲကို ထဲထဲဝင်ဝင်ရောက်သွားတာဖြစ်တဲ့အတွက် အဲ့ဒီအလုပ်ရဲ့ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်ကို နားလည်သွားစေတယ်။

👉Intern ကာလမှာ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းတွေ အားသာချက်နဲ့အားနည်းချက်တွေကို ကိုယ်ကိုယ်တိုင် ပြန်ဆန်းစစ်လို့ရပါတယ်။

👉တချို့သော Internship တွေက department မျိုးစုံကို အလှည့်ကျဆင်းရတာဖြစ်တဲ့အတွက် ကိုယ်ဘာကို စိတ်ပါဝင်စားလဲဆိုတာ သိနိုင်ပါတယ်။

👉Internship ကာလပြီးဆုံးတဲ့အခါမှာ ကိုယ့်အထက်လူကြီးဆီကနေရတဲ့ ကိုယ့်ရဲ့ feedback ကို လက်တွေ့လုပ်ငန်းခွင်ဝင်တဲ့အခါမှာ ပြန်အသုံးပြုနိုင်ပါတယ်။

Internship Level & Entry Level Job တွေကို ရှာဖွေချင်တယ်ဆိုရင်တော့ Intern Plus Myanmar ရဲ့ Job Platform ဖြစ်တဲ့ http://www.internplus.com.mm/ မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

  • Share this post

Leave a Comment