Apply လုပ်ထားတဲ့ Job အင်တာဗျူးပါမပါ ဘယ်လိုသိမလဲ
ဒီလို မေးခွန်းဟာ InternPlus ကို Candidate တွေဖုန်းဆက်မေးနေကြ အမေးများတဲ့ မေးခွန်းဖြစ်လို့ Post တစ်ခုအနေနဲ့ တင်ပေးလိုက်ပါတယ်။
အားလုံးသိကြတဲ့အတိုင်း InternPlus ဟာ ကြားခံ Platform တစ်ခုပါ။ Employer ကလဲ သူ့အကောင့်နဲ့ သူ အလုပ်ခေါ်စာတွေလာတင်လို့ရသလို၊ အလုပ်ရှာနေသူ Candidates တွေကလဲ အလုပ်တွေကို တစ်နေရာတည်း စုစုစည်းစည်းနဲ့ လျှောက်လို့ရအောင် စီစဉ်ထားတာပါ။
Job Post တစ်ခုမှာ Apply Job ဆိုတာနှိပ်ပြီးရင် Candidate ရဲ့ Data အချက်အလက် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေဟာ Employer ဆီကို ရောက်သွားမှာပါ။ အောက်ကပုံကိုကြည့်ပါ။

အဲလို ရောက်သွားတာနဲ့ Employer အများစု လုပ်လေ့ရှိတဲ့ လုပ်ငန်းစဉ်နှစ်ခုကို ပြောပြချင်ပါတယ်။
ပထမ လုပ်ငန်းစဉ်က – ShortList တင်သွင်းခြင်း
လျှောက်ထားသူတွေ အများကြီးထဲမှ သူတို့ခေါ်ယူချင်တဲ့ Candidate တွေကို ပမဏအနေနဲ့ စစ်ထုတ်ပါတယ်။ အဲလို Shortlist ကိုများသောအားဖြင့် Employer Job Post ပိတ်ခါနီးဖြစ်ဖြစ်၊ Deadline နားနီးရင်ဖြစ်ဖြစ် လုပ်တက်ကြပါတယ်။ ဒီလို Shortlist ထဲပါပြီဆိုတာနဲ့ Interview သွားရဖို့ 80% က သေချာပါပြီ။ Shortlist ဖြစ် အရွေးခံရရင် InternPlus Platform က ဝမ်းသာအောင် auto email ပို့ပါတယ်။ Email ရခဲ့တယ်ဆိုရင် ကိုယ့်ကို Employer က ဆက်သွယ်မယ့်အချိန် စောင့်နေရုံပါပဲ။
ဒါပေမဲ့ တစ်ချို့ Employer အချို့ကတော့ Shortlist မရွေးတော့ပဲ တစ်ခါတည်း ဖုန်းဆက် (သို့) email ပို့တာမျိုးလဲရှိပါတယ်။ Shortlist မရွေးခဲ့ရင် InternPlus Platform က auto email ပို့မှာမဟုတ်ပါဘူး။ အဲဒီ feature ကိုသုံးမှ အလုပ်လုပ်တာမိုလို့ပါ။
For Example : အပေါ်က ပုံရဲ့ဘေးမှာ Employer တွေအတွက် Feature တွေရှိပါတယ် အဲထဲမှာ သင့် Profile ကို “shortlist for interview” ကိုရွေးလိုက်တာနဲ့ Auto ပို့ပေးတာပါ။
ဒုတိယ လုပ်ငန်းစဉ်က – Interview ရက်ချိန်းဆိုခြင်း
ဒီလုပ်ငန်းစဉ်ကလည်း အပေါ်က လိုပါပဲ။ InternPlus ရဲ့ Feature မှာ တစ်ခါတည်း Interview Appointment ချိန်းလို့ရပါတယ်။ ဒါကို Employer က အသုံးပြုခဲ့ရင်လည်း Auto Email မှာ Interview Appointment Email လက်ခံရရှိမှာပါ။
ဒါပေမဲ့ များသောအားဖြင့် Employer (၁၀) ဉီးမှာ (၉)ဉီးက ပုံမှန်သမရိုးကျ ဖုန်းနဲ့ ဆက်ပြီးပဲ Interview ချိန်းလေ့ရှိပါတယ်။ InternPlus ဘက်က အကြံပေးချင်တာကတော့ email ရော ဖုန်းရော ကို အမြဲသတိထားစောင့်ကြည့်စေချင်ပါတယ်။
အားလုံး အလုပ်အကိုင်တွေ ရကြပါစေ။