Business English ကဘာလို့မဖြစ်မနေ လေ့လာသင့်တာလဲ?

Business English ကဘာလို့မဖြစ်မနေ လေ့လာသင့်တာလဲ ❓
🙆♂️ကဲကဲ အခုလို ITခေတ်မှာ Intern Pluser တို့အနေနဲ့ လုပ်ငန်းခွင်ထဲကို စဝင်တော့မယ်ဆိုရင် သေချာမလေ့လာထားရင် လွယ်သလိုနဲ့ အခက်တွေ့စေမယ့် အရာလေးတခုရှိပါတယ်။
👉ဒီအရာကတော့ Business English ပဲဖြစ်ပါတယ်။ English စာဆိုတာ ငယ်ငယ်ထဲက အခုချိန်ထိ သင်ယူခဲ့ပေမယ့်လည်း အလေ့အကျင့်မရှိရင် ချက်ချင်းကြီးပြန်ပြောနိုင်ဖို့ခက်ခဲပါတယ်။ ဒါကြောင့်လည်း တစ်ခါတစ်ရံမှာ ကိုယ်ကနားလည်နေပေမယ့် ပြန်ပြောတဲ့အခါမှာ စကားလုံးစီနေတာနဲ့တင် အခက်တွေ့နေရတာပေါ့။
ဒီလိုပဲ တကယ့်လုပ်ငန်းခွင်ထဲမှာလည်း ကိုယ်မထင်မှတ်ထားတဲ့အချိန်မှာ foreign client တွေနဲ့ ဖုန်းပြောရတာမျိုး၊ business email ၊formal email ပို့ရတာမျိုး တွေ ကြုံတွေ့လာနိုင်တယ်။ ဒီလိုအချိန်မျိုးမှာ Intern Pluserတွေအနေနဲ့ Business English နဲ့ပတ်သတ်ပြီးဝေါဟာရတွေ ကောင်းကောင်းမသိထားဘူး၊ မလေ့လာထားဘူးဆိုရင် communicate လုပ်ဖို့အခက်အခဲတွေ့စေမှာပါ။
ဒါ့အပြင် meetingတွေမှာ တစ်ခါတစ်လေ English လို presentation လုပ်ရတာမျိုးတွေ ရှိတာကြောင့် ဒီအခါမှာ Business နဲ့ပက်သတ်ပြီး ဘယ်လို ✅Vocabularyတွေ၊✅Terms တွေနဲ့ ရှင်းပြမလဲဆိုတာ Business English ကိုကြိုတင်လေ့လာထားမှ တုန်လှုပ်နေတာမျိုး မရှိတော့ဘဲ မှန်မှန်ကန်ကန်နဲ့ အကောင်းဆုံး လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။
ဒါတင်မဟုတ်သေးပဲ တစ်ခြား ကိုယ့်ရဲ့ Foreign Employer တွေနဲ့ အလုပ်ကိစ္စ Deal လုပ်တဲ့အခါတွေမှာလဲည်း ကောင်းကောင်း Communicate လုပ်နိုင်ဖို့ က Business English ကိုထဲထဲဝင်ဝင်လေ့လာထားမှ ဖြစ်မှာပါ။ ဒါမှ Intern Pluserတွေရဲ့ impression ကို ပိုကောင်းစေသလို Company အတွက်လဲအရေးပါတဲ့ အကျိုးအမြတ်တွေ လက်လွတ်မဆုံးရှုံးတော့မှာပါ။
💁♂️ဒီလောက်ဆိုရင်တော့ လုပ်ငန်းခွင်မှာ Business English က ဘယ်လောက်အတိုင်းအတာအထိ အရေးပါလဲဆိုတာနဲ့ ကြိုတင် မလေ့လာထားရင် ဘယ်လိုအခက်အခဲတွေ ကြုံလာနိုင်လဲဆိုတာကို သဘောပေါက်နားလည်သွားမယ်လို့ထင်ပါတယ်နော်။