fbpx

Career နဲ့ပက်သတ်ပြီး consult လုပ်ဖို့ဘာကြောင့်လိုအပ်တာလဲ?

Career နဲ့ပက်သတ်ပြီး consult လုပ်ဖို့ဘာကြောင့်လိုအပ်တာလဲ❓

Intern Pluser တို့ရေ လုပ်ငန်းခွင်ထဲ လွယ်လွယ်ကူကူ ဝင်ရောက်နိုင်ဖို့ဆိုရင် အားလုံးထင်နေကြတာက ဘွဲ့တွေ၊ Diplomaတွေ၊ Certificateတွေ များရင် များနိုင်သလောက် ရထားဖို့လို့ အားလုံးက ထင်နေကြပါတယ်။ ဒီအတွက်လည်း အားလုံးက လက်မှတ်စုဖို့ပုံစံမျိုးနဲ့ သင်တန်းတွေကို အသည်းအသန် ရှာဖွေပြီး တက်နေကြတာပေါ့။ တကယ်တမ်းမှာတော့ လုပ်ငန်းခွင်ဆိုတဲ့ career နယ်ပယ်ထဲ ဝင်ရောက်ဖို့အတွက်က ဘွဲ့တွေ၊ Diplomaတွေ၊ Certificateတွေ မဖြစ်မနေ အများကြီးရှိဖို့ လိုအပ်တာ မဟုတ်ပါဘူးနော်။

👉တကယ်လိုအပ်တာက Intern Pluser တို့ လျှောက်လှမ်းလိုတဲ့ Career လမ်းကြောင်းကို အရင်ဆုံး သေချာရွေးချယ် ဆုံးဖြတ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီမှာမှ နောက်တစ်ဆင့်အနေနဲ့ဆို

✅ ကိုယ်ရွေးချယ်လိုက်တဲ့ Career လမ်းကြောင်းကို မူတည်ပြီး Intern Pluser တွေအနေနဲ့ ဘယ်လို Qualification အရည်အချင်းတွေ ရှိဖို့လိုအပ်လဲ ❓

✅ ဒီအတွက် ဘယ်လိုသင်တန်းတွေ၊ Diplomaတန်းတွေကို ထပ်တက်သင့်လဲ ❓

✅ အကယ်၍ ဒီ Qualifications တွေ အရည်အချင်းတွေ အကုန်ပြည့်စုံပြီဆိုရင်ရော ကိုယ်ရွေးချယ်ထားတဲ့ Career နဲ့သက်ဆိုင်တဲ့ Company တွေ၊ Organization တွေကို ဘယ်လို ရှာဖွေမလဲ ❓

✅ ရှာလို့တွေ့သွားပြီဆိုရင်လည်း ဒီ Company တွေ၊ Organization ထဲ အမှန်တကယ် ဝင်ရောက်နိုင်ဖို့ ဘယ်လိုတွေ ပြင်ဆင်ထားမလဲ ❓ အစရှိသဖြင့် သေချာအစီအစဉ်ချပြီး တစ်ဆင့်ချင်းစီ လုပ်ဆောင်သွားနိုင်ဖို့ အရေးကြီးတာပဲ ဖြစ်ပါတယ်။

👉ဒီလိုမျိုး Career နဲ့ပက်သတ်လို့ Plan နဲ့ချပြီး ပြင်ဆင်ဖို့ပြုလုပ်တဲ့အခါမှာ မိမိထပ် လုပ်ငန်းပိုင်ဆိုင်ရာအရ Knowledge ရော၊ အတွေ့အကြုံရော ရင့်ကျက်တဲ့ Professional တွေရဲ့ Consultation အကြံဉာဏ်ကို ရယူပြီး Intern Pluser တွေ ရဲ့ Career Pathway ကို Set လုပ်သင့်တာပဲ ဖြစ်ပါတယ်။ Professional တွေအနေနဲ့ဆိုရင် တကယ့်လုပ်ငန်းခွင်ထဲမှာ လိုအပ်နေတာတွေက ဘာလဲဆိုတာ သေချာသိတဲ့သူတွေ ဖြစ်တာကြောင့် ပိုပြီး ထိရောက်မှု ရှိစေတာပဲဖြစ်ပါတယ်။

  • Share this post

Leave a Comment