(1) ပထမဆုံး အနေနဲ့ အမတို့ အဖွဲ့အစည်းလေးအကြောင်း တစ်ချက် မိတ်ဆက်ပေးပါဦးရှင့်။
ဟုတ်ကဲ့…..ကျွန်မတို့အဖွဲ့အစည်းက Social Enterprise တစ်ခုဖြစ်ပြီး အသေးစားနဲ့ဖွံ့ဖြိုးနေဆဲစီးပွားရေးလုပ်ငန်းတွေကို digital literacy အပါအဝင် ငွေကြေးပိုင်ဆိုင်ရာစီမံခန့်ခွဲမှုတွေအတွက် အထောက်အကူဖြစ်စေနိုင်မယ့် training တွေ coaching တွေနဲ့ပညာရပ်ပိုင်းဆိုင်ရာအတွေ့အကြုံဗဟုသုတတွေကို မျှဝေလုပ်ဆောင်နေတာပဲဖြစ်ပါတယ်။
(2) HR တစ်ယောက်အနေနဲ့ hiring လုပ်ပြီးပြီဆို ပုံမှန်အားဖြင့် ကြုံတွေ့နေရတဲ့ ပြဿနာက ဘာတွေဖြစ်မလဲရှင့်။
အလုပ်ခန့်ပြီးပြီဆိုရင်ကျွန်မတို့များသောအားဖြင့်ကြုံတွေ့ရတာက communication လုပ်တဲ့နေရာမှာပြဿနာစဖြစ်တာပါ။ အခုလောလောဆယ်အနေနဲ့တောင် onboarding လုပ်တဲ့ processတွေမှာတစ်ချို့အခက်အခဲတွေကြုံတွေ့နေရပါတယ်။
(3) အခုလက်ရှိ အနေနဲ့ recruitment လုပ်တဲ့အချိန်မှာ ကြုံနေရတဲ့ အခက်အခဲဆိုရင်ရော ဘာတွေဖြစ်နေလဲ မသိဘူးရှင့်။
အခုလက်ရှိအချိန် HRတစ်ယောက်အနေနဲ့ recruitmentလုပ်တဲ့နေရာမှာကြုံနေရတာက internet connectionပါ။အားလုံးသိတဲ့အတိုင်းပဲ remote hiringလုပ်တဲ့အချိန်မှာ internet connection ဆိုးရွားတဲ့ပြဿနာကကျွန်မတို့အားလုံးအတွက်အနှောင့်အယှက်ဖြစ်စရာ တစ်ခုပါ။
(4) HR တစ်ယောက်အနေနဲ့ အလုပ်လျှောက်တဲ့သူတွေကို ဘယ်လို skills တွေ ရှိထားစေချင်လဲ မသိဘူးရှင့်။
အခု Work from Home ကာလအနေနဲ့ ဆိုရင် ကျွန်မအနေနဲ့ interviewee တွေကို ပြင်ဆင်ထားသင့်တယ်လို့ထင်တဲ့ တစ်ချို့အချက်လေးတွေရှိပါတယ်။ကျွန်မတို့ ပုံမှန် face to face interview တွေကလူတွေ့ဆိုတော့အချင်းချင်းပိုပြီး comfortable ဖြစ်တယ်ပေါ့နော်။ ဒီမှာ interviewee တွေကအဝတ်အစားပိုင်းအရရော အားထုတ်ပြီးပြင်ဆင်လာကြတယ်။ ဒါပေမယ့် အခု remote အနေနဲ့ လုပ်တဲ့အပေါ်မှာ သူတို့က အပြင်မှာမတွေ့ရဘူးဆိုပြီး dress code ကိုသေချာမပြင်ဆင်ထားတာမျိုးလဲ တွေ့ရတယ်။ ဒါမျိုးက interview ဖြေမှမဟုတ်ဘူး။ ကိုယ့်ရဲ့ ပုံမှန်အလုပ်လုပ်တာအတွက်လဲ သပ်သပ်ရပ်ရပ်လေးရှိတာက လူကိုပိုပြီးစိတ်ရွှင်လန်းစေတာပေါ့နော်။ နောက်တစ်ခုက internet connection ပါ။ အတတ်နိုင်ဆုံး internet connection ကို stable ဖြစ်စေမယ့် အနေအထားကို ကြိုတင်ပြင်ဆင်ထားသင့်တယ်ထင်ပါတယ်။
(5) ကျွန်မတို့ အခု Work From Home လုပ်နေရတဲ့ကာလမှာ employee တွေအနေနဲ့ အများဆုံးကြုံတွေ့နေရတဲ့ အခက်အခဲဆို ဘာများဖြစ်နေလဲ မသိဘူးရှင့်။
နောက်ပြဿနာတစ်ခုက ကျွန်မတို့အားလုံးကြုံနေရမယ်လို့လဲထင်ပါတယ်။ ဒါကတော့ remote working အနေနဲ့လုပ်နေကြတဲ့သူတိုင်း ကြုံတွေ့နေရတဲ့ focus ပျက်တာပါပဲ။ HRတစ်ယောက်အနေနဲ့ ပြန်ကြားနေရတဲ့အခက်အခဲတွေထဲမှာ အာရုံစူးစိုက်မှု အပြည့်မရနေနိုင်ကြတာလဲ employee တိုင်းလိုလို အနည်းနဲ့အများ ကြုံနေရတဲ့အခက်အခဲတစ်ခုပါပဲရှင့်။
(6) အခုအချိန်မှာဆိုရင် COVID က လုပ်ငန်းတော်တော်များများကို ရိုက်ခတ်သွားစေတယ်ပေါ့နော်။ ဒါနဲ့ပက်သတ်ပြီး အမတို့ Organization အနေနဲ့လည်း ဘယ်လိုများကိုင်တွယ်နေလဲ မသိဘူးရှင့်။
နိဂုံးချုပ်အနေနဲ့ကတော့ ကျွန်မတို့တွေ COVID ကြောင့်ဖြစ်စေကာမူ digital age ရောက်လာတဲ့အပေါ်မှာ remote working ကလည်းအရေးပါတဲ့ အခန်းရပ်တစ်ခုက ပါဝင်လာတာပေါ့နော်။ ကျွန်မတို့ New Normal နဲ့ မြန်မြန်ပဲ အသားကျအောင်လုပ်ခဲ့ရသလို အခက်အခဲတွေလည်း အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်ထိ ကျွန်မတို့ organization ကတော့ ဒီအခြေအနေတွေနဲ့ အဆင်ပြေစွာနဲ့ပဲ လိုက်လျောညီထွေ လည်ပတ်နေပါတယ်ရှင့်။