fbpx

Internship ဘာကြောင့်ဆင်းသင့်တာလဲ?

တကယ့် လုပ်ငန်းခွင် မဝင်ခင် ကိုယ့် career လမ်းကြောင်းပေါ်မရောက်ခင်မှာ အရင်ဦးဆုံး လိုအပ်တာက အတွေ့အကြုံရယ်၊ ဘယ်လို career မျိုးကို ရွေးချယ်မလဲဆိုတာရယ်ပါ။ 

ဒီတော့ Intern Job တွေလျှောက်ထားပြီး Internship ဆင်းရင်း လုပ်ငန်းခွင်သဘောတရားကို လက်တွေ့ ကွင်းဆင်းလေ့လာကြရပါတယ်။ Internship ဆင်းရင်ရမယ့် အတွေ့အကြုံတွေက-

✅Networking : Internship ဆင်းနေချိန်မှာ ကိုယ့် သွားချင်တဲ့ Career နယ်ပယ်ကို စူးစမ်းလေ့လာရင်း ဒီ နယ်ပယ်က Senior တွေနဲ့ အဆက်အသွယ်ရထားတော့ တကယ် လုပ်ငန်းခွင်ဝင်တဲ့အချိန်အတွက် အထောက်အကူအများကြီးရနိုင်ပါတယ်။

 ✅Experience : Internship Job လုပ်နေတုန်းမှာ ကိုယ်က လုပ်ငန်းခွင် အတွေ့အကြုံရထားပြီးသားဆိုတော့ အတွေ့အကြုံရှိမှ ခန့်တဲ့ Full-Time/ Permanent Job တွေ လျှောက်ထားတဲ့အခါ အလုပ်ရဖို့ ရာနှုန်းများပါတယ်။

✅Confidence : Intern Job အတွင်း presentation လုပ်ခဲ့ဖူးတာ၊ ကိုယ့်ရဲ့ idea တွေကို ထုတ်ပြောပြဖူးတာ၊ပြီးတော့ Public speaking တွေ လုပ်ခဲ့ဖူးတဲ့ အလေ့အကျင့်တွေက တကယ့်လုပ်ငန်းခွင်အတွက် ကိုယ်ကိုကိုယ် ယုံကြည်မှုရှိသွားစေပါတယ်။

✅Opportunities to learn : ငွေပေးပြီးသင်လို့ မရတဲ့ လုပ်ငန်းခွင်အတွေ့အကြုံတွေကို လက်တွေ့ သိရှိဖို့က Internship Job တွေမှာ လုပ်ကိုင်ရင်း စောင့်ကြည့်၊လေ့လာ၊သင်ယူနိုင်မယ့် အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။

ဒီအဓိကအချက်တွေအပြင် Internship ဆင်းရင်း တခြားရနိုင်တဲ့ အကျိုးအမြတ်တွေအများကြီးရှိသေးတာကြောင့် (https://www.internplus.com.mm ) မှာ Intern Job တွေလျှောက်ထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Leave a Comment