fbpx

Job နဲ့ Career က ဘာကွာလဲ?

Job နဲ့ Career က ဘာကွာလဲ❓

Intern Pluser တို့ရေ ဒီနေ့မှာ knowledge sharingအနေနဲ့ Intern Pluser တွေကို မျှဝေပေးသွားချင်တဲ့အကြောင်းအရာလေးကတော့ Job နဲ့ Career ဘာကွာခြားမှုရှိတာလဲဆိုတဲ့ အကြောင်းအရာလေးပဲဖြစ်ပါတယ်။

👉Job

Job ဆိုတာကတော့ Intern Pluser တွေအနေနဲ့ ဒီ industry ဒါမှမဟုတ် organization နဲ့ပတ်သတ်ပြီး စိတ်ပါဝင်စားသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ incomeဆိုတဲ့ ဝင်ငွေတစ်ခုရဖို့ full time or part-time အလုပ်လုပ်နေရတာကို ဆိုလိုတာပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ Job လို့ပြောလာပြီဆိုရင် Intern Pluser တွေအနေနဲ့ သိထားဖို့လိုအပ်တာက ဒီအရာက short-term အတွက်ကိုပဲ ပိုကြည့်တဲ့အရာတစ်ခုဆိုတာ သိထားဖို့အရေးကြီးတာပဲဖြစ်ပါတယ်။ – ဥပမာအနေနဲ့ဆိုရင် Companyတွေ၊ အလုပ်ရှင်တွေနဲ့ အလုပ်လုပ်တဲ့သူက short-term or long term contract နဲ့ အလုပ်လုပ်ပြီး ဒီ contract ရဲ့ agreement duration ပေါ်မူတည်ပြီး နှစ်ဦးနှစ်ဘက် အလုပ်လုပ်ကိုင်တာပဲဖြစ်ပါတယ်။

👉Career

Career က ဘယ်လိုမျိုးလဲဆိုရင် Intern Pluser တွေအနေနဲ့ မိမိ အမှန်တကယ် စိတ်ပါဝင်စားပြီး နောင်ရေရှည်အတွက် တစ်စိုက်မတ်မတ် လုပ်ကိုင်သွားလိုတဲ့ အလုပ်ကိုဆိုလိုခြင်းပဲဖြစ်ပါတယ်။ Careerဆိုတာ Intern Pluser တွေရဲ့ လိုလားပြင်းပြမှု Passion ပေါ်မူတည်တာကြောင့် Job နဲ့မတူဘဲ long-term အနေနဲ့ ကွဲပြားသွားတာပဲဖြစ်ပါတယ်။

အခုဆိုရင် Intern Pluser တွေအနေနဲ့ Job နဲ့ Career ကို သေသေချာချာ ကွဲကွဲပြားပြား သိသွားပြီဆိုတော့ မိမိတို့အမှန်တကယ် စိတ်ဝင်စားမှုရှိတဲ့ Career က ဘာလဲဆိုတာ စဉ်းစားလိုက်ကြတော့နော်။

  • Share this post

Leave a Comment