fbpx

“Mindset and Skills for Better Communication”

“Mindset and Skills for Better Communication”

ဒီခေါင်းစဉ်က ပေါင်းသင်းဆက်ဆံရေးအပိုင်းမှာ အားနည်းတဲ့ လူငယ်တွေအတွက် ရည်ရွယ်ပါတယ်။ကိုယ်က Introvert Personality မျိုးရှိထားရင် Communication ပိုင်းကောင်းမွန်ဖို့ ပိုပြီးတော့ ကြိုးစားရမှာပါ။

✅ Communication ပိုကောင်းလာဖို့ ကိုယ့်ရဲ့ Mindset ကို growth ဖြစ်အောင်လုပ်ဖို့ လိုအပ်ပါတယ်။ တစ်ဦးတစ်ယောက်တည်း တက်ကျွမ်းတဲ့ ပညာနဲ့တင် လုံလောက်ပြီး တခြားသူရဲ့ တက်ကျွမ်းမှုကို မလိုအပ်ဘူးလို့ လက်ခံယုံကြည်ထားတဲ့ Fixed Mindset ကနေ တစ်ဦးနဲ့ တစ်ဦး အတတ်ပညာတွေ ဖလှယ်ရင်း တိုးတက်မှုကို ရယူနိုင်တယ်လို့ လက်ခံယုံကြည်တဲ့ Growth Mindset ရှိထားဖို့ပါ။

✅နောက်တစ်ခုကတော့ အကောင်းမြင်စိတ်ထားရှိပြီး လူတွေနဲ့ လိုက်လျောညီထွေနေထိုင်နိုင်ဖို့ဖြစ်ပါတယ်။ Communication ကောင်းဖို့ စကားတွေအများကြီးထိုင်ပြောနေမှမဟုတ်ပါဘူး။ ကိုယ် ဆက်သွယ်ပြောဆိုလိုတဲ့ အကြောင်းအရာတွေကို တစ်ဖက်သားက နားလည်လာအောင် ချက်ကျလက်ကျ ရှင်းလင်းပြောပြနိုင်ဖို့ ကအဓိကပါ။

✅ကိုယ့်ရဲ့ အတွေးအခေါ်အကြံဉာဏ်တွေကို အမြဲ ရှေ့တန်းမတင်ဘဲ လူအများဆီက ထောက်ပြလာတာတွေကို လက်ခံနိုင်တဲ့ Open Minded Person အဖြစ် ရပ်တည်နိုင်မယ်ဆိုရင် လုပ်ငန်းခွင်မှာသာမက အပြင် အဖွဲ့အစည်းတွေမှာပါ တစ်ဦးနဲ့တစ်ဦး ကောင်းမွန်စွာပြောဆိုဆက်ဆံရင်း အောင်မြင်မှုတွေကို တည်ဆောက်လာနိုင်မှာ ဖြစ်ပါတယ်။

👉အခုလို Communication အကြောင်းအပြင် လူငယ်တွေအတွက် Career နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို Intern Plus Team ကဆက်လက်တင်ပြပေးသွားမှာမို့ စောင့်မျှော်ဖတ်ရှုဖို့ ဖိတ်ခေါ်ပါရစေနော်။

Leave a Comment