Online interview နဲ့ကြုံရတဲ့အခါ အခက်မတွေ့ရစေဖို့ ဘယ်လိုတွေပြင်ဆင်ထားနိုင်လဲ?

Online interview နဲ့ကြုံရတဲ့အခါ အခက်မတွေ့ရစေဖို့ ဘယ်လိုတွေပြင်ဆင်ထားနိုင်လဲ။
Online Video Interview ဖြေရတော့မယ်ဆိုရင် ကြိုတင် ပြင်ဆင်ထားရမှာတွေက-
(၁) သပ်ရပ်စွာဝတ်ဆင်ဖို့ပါ။ လူချင်းမတွေ့ရဘူး Video Call ဆိုပေမယ့် Second Impression ဖြစ်တဲ့ ကိုယ့်ကိုကိုယ် သပ်သပ်ရပ်ရပ် ဝတ်ဆင်ဖို့လိုပါတယ်။
(၂) Interview ချိန်မရောက်ခင် နေရာထိုင်ခင်းရွေးထားပြီး Backgroundကိုလည်း ရှင်းလင်းထားပါ။မိသားစုတွေကိုလည်း သတိပေးပြောပြထားပါ။
(၃) အင်တာနက် အဆင်ပြေ၊မပြေ၊ အသံအတွက် Mic အဆင်ပြေ၊မပြေကို ကြိုတင် စမ်းသပ်ထားပါ။
(၄) Body Language ကို သတိထားပါ။ ကိုယ် စကားပြောတဲ့အခါ ပြုမူတတ်တဲ့ အမူအရာတွေကိုကြည့်ပြီးတော့လည်း Impression ကျသွားတတ်တာကြောင့်ဖြစ်ပါတယ်။ဒီတော့ ပုံမှန် လူတွေ အင်တာဗျူးတွေလို့ပဲ ကိုယ်နှုတ်အမူအရာကို ကြိုတင် လေ့ကျင့်ပြင်ဆင်ပါ။
(၅) သေသေချာချာနားထောင်ပါ။ Online ကဖြစ်တဲ့အတွက် Connection အခြေအနေကြောင့် Interviewer ပြောတာကို သေချာမကြားလိုက်ရတာ မျိုးရှိတတ်ပါတယ်။ ဒါကြောင့် ဘယ်လို အခြေအနေမှာ ဖြစ်ဖြစ် မေးလိုက်တဲ့ မေးခွန်းတွေကို သေချာဂရုတစိုက်နားထောင်ပါ။ ပီပီသသ ပြန်ဖြေကြားပါ။
ကဲ Online Video Interview အတွက် ပြင်ဆင်တာတွေလည်း သိသွားပြီဆိုတော့ မကြာခင် Interview ဖြေရမယ့်သူတွေ အားလုံး Fighting ပါနော်! ဒီအချက်လေးတွေကို သတိထားပြီးလုပ်မယ်ဆိုရင် အဆင်ပြေသွားမှာပါ။