Pandemic ကာလမှာ အလုပ်ရအောင် ဘယ်လိုလျှောက်ကြမလဲ?

Pandemic ကာလမှာ အလုပ်ရအောင် ဘယ်လိုလျှောက်ကြမလဲ? ====
Intern Pluser တွေအနေနဲ့ အလုပ်လျှောက်တိုင်းမရဖြစ်နေတာဟာ covid ကာလမှ မဟုတ်ပါဘူး။ အရင်ကတည်းကလည်း ကိုယ်လုပ်ချင်တဲ့ အလုပ်တစ်ခုရဖို့ဆိုတာ လွယ်လွယ်ကူကူနဲ့ ဖြစ်လာနိုင်တဲ့ အရာတစ်ခုမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအပေါ်မှာ စိတ်ဓာတ်ကျ အားငယ်မနေဘဲ Intern Pluser တွေအနေနဲ့
ကိုယ် လိုအပ်နေသေးတာ ဘာတွေလဲ?
ဘာကြောင့် interview အဆင့်ကို ပါမလာတာလဲ?
အစရှိသဖြင့် ပိုပြီး အလေးပေးစဉ်းစားသင့်ပါတယ်။ တစ်နည်းအရဆိုရင် ဒီအလုပ်က ကိုယ်နဲ့ မကိုက်ညီလို့လည်း ဖြစ်နိုင်သလို ကိုယ်ကဒီထက်ပိုကောင်းတဲ့ အလုပ်တခုမှာ ရရှိဖို့လည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အရာရာကို think positive ပါ။
အခုလို newnormal ပြောင်းလာတဲ့ နောက်ပိုင်းမှာ အလုပ်ရဲ့ လိုအပ်ချက်တွေရော ကိုယ့်ဘက်ကလုပ်ပေးရမှာတွေက မတူတော့ပါဘူး။ အရင်က interview ကို ရုံးမှာ လူတွေ့ဖြေရပေမဲ့ အခု online ကနေပဲ digital tool တွေ သုံးပြီးဖြေလာရပြီ။ ဒီတော့ Intern Pluser တွေအနေနဲ့ ခေတ်နဲ့အညီ အမှီလိုက်ပြောင်းလဲနေဖို့ လိုအပ်ပါတယ်။ဒါကြောင့်မလို့ interview ဖြေတဲ့အခါမှာ digital tool နဲ့ application တွေ သုံးပြီးဖြေဆိုရမှာဖြစ်တဲ့အတွက် ကိုယ်အသုံးပြုမယ့် application တွေအကြောင်း သေသေချာချာကိုင်ကွယ်နိုင်အောင် လေ့လာထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အခုလို pandemic ကာလမှာ အလုပ်ရခဲ့ရင်လည်း remote working အနေနဲ့လုပ်ရဖို့များတာကြောင့် ကိုယ်လုပ်မယ့် နယ်ပယ်ကိုလိုက်ပြီး သုံးလေ့သုံးထရှိတဲ့ application နဲ့ tool တွေကို ကြိုတင်လေ့လာထားဖို့ လိုအပ်တယ်နော်။
နောက်တစ်ချက်အနေနဲ့ဆိုရင် Intern Pluser တွေရဲ့ enthusiasm ကိုလည်း ပြသနိုင်ဖို့လည်း အရေးကြီးပါတယ်။ ဒီ pandemic ကာလက အားလုံးအိမ်ထဲမှာပဲ နေနေရပေမယ့် Intern Pluser တွေက
physical ရော mental ပိုင်းအရပါ ကျန်းမာအောင် ဘယ်လိုနေကြောင်း
အလုပ်လုပ်တဲ့အခါ ready ဖြစ်ဖို့ ဘယ်အရာတွေကို လေ့လာနေခဲ့ကြောင်း
ဘယ်လို ပြင်ဆင်ထားကြောင်း အစရှိသဖြင့် တက်တက်ကြွကြွ၊ interpersonal ကောင်းကောင်းနဲ့ communicate လုပ်နိုင်ဖို့လည်း အရေးကြီးပါတယ်။
ဒါ့အပြင် ကိုယ့်လုပ်ကိုင်မယ့် business နယ်ပယ်အလိုက် language အသုံးအနှုန်း တွေကို သိရှိထားဖို့လည်း လိုအပ်ပါတယ်။ အထူးသဖြင့် English ဆိုတာ Global business language တစ်ခု ဖြစ်တဲ့အတွက် Business English usage တွေ၊ term and condition တွေကို သေချာသိထားမယ်ဆိုရင် employer တွေ impress ဖြစ်မှာ လက်ခတ်မလွှဲဘူးနော်။
နောက်ဆုံးတစ်ခုကတော့ အလုပ်တစ်ခု လျှောက်တာမှာ အရေးကြီးဆုံး အကြောင်းအရာတစ်ခုဖြစ်တဲ့ Cv နဲ့ Cover letter ပြင်တာပဲ ဖြစ်ပါတယ်။ ဒီလိုပြင်ဆင်တာမှာ အရင်ကလို အချက်အလက်တွေကို ဒီတိုင်းတန်းစီပြီး ချရေးမယ်ဆို တိုးမပေါက်တော့ဘူးနော်။Intern Pluser တို့ရဲ့ Cv ကို creativity ကောင်းကောင်းနဲ့ ကိုယ့်ရဲ့ အားသာတဲ့ skills တွေကို သေသေချာချာ highlights လုပ်နိုင်ဖို့က အရေးကြီးဆုံးပါပဲနော်။ ရေးတဲ့အခါမှာလည်း ဘယ်အချက်တွေတော့ အဓိကထားပြီးပါအောင် ရေးရမယ်၊ ဘယ်အချက်တွေဆိုရင်တော့ employer တွေ မျက်စိကျစေမယ်ဆိုတာ သေသေချာချာ သိထားရင် ပိုပြီး အဆင်ပြေစေမှာပါ။
ဒါတွေကတော့ Intern Pluser တွေ pandemic ကာလ အလုပ်လျှောက်ရာမှာ အထောက်အကူဖြစ်စေမယ့် အချက်တွေပဲ ဖြစ်ပါတယ်။