fbpx

Positivity is the Best Policy

Positivity is the best policy

လူတွေဟာ ကိစ္စတစ်ခုခု၊ အခက်အခဲတစ်ခုခုကို တွေ့ကြုံရပြီဆိုရင် သူတို့ရဲ့အမြင်တွေ၊ ခံယူချက်တွေပေါ်မူတည်ပြီး ဖြေရှင်းပုံကွဲပြားလေ့ရှိပါတယ်။ အကောင်းမြင်ပေးတတ်သူရှိသလို အရာရာကိုအဆိုးဘက်ကနေပဲ တွေးတတ်တဲ့သူလည်းရှိပြန်ပါတယ်။

ဘာပဲကြုံကြုံအကောင်းတွေးပေးတာက ဖြစ်နေတဲ့ပြဿနာတွေ အရှင်းပျောက်သွားမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အကောင်းမြင်တတ်ခြင်းက ပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းတွေရှာတွေ့နိုင်သလို အခက်အခဲတွေကြုံလာရတဲ့အခါမှာလည်း နည်းလမ်းတကျ စီမံတတ်စေပါတယ်။ အကောင်းမြင်တတ်ဖို့ ဘာပဲဖြစ်ဖြစ်ကောင်းတဲ့အရာလေးကိုတွေးပေးဖို့ဆိုတာ လွယ်တဲ့အရာတော့မဟုတ်ပေမယ့် ဖြည်းဖြည်းချင်းလေ့ကျင့်ယူလို့ရပါတယ်။

🍀ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် ကိစ္စကြုံလာရင်တောင် ကောင်းတဲ့အရာလေးတွေရှာပြီးတွေးပေးဖို့ ကြိုးစားပါ။ (ဥပမာ- တစ်နေရာကိုသွားဖို့ ကိုယ်ကအကုန်ပြင်ဆင်ပြီးကာမှ တစ်ဖက်လူကဖျက်လိုက်တာမျိုးကိုကြုံဖူးကြမှာပါ။ အဲ့လိုအခါတွေဆိုရင် ကျွန်တော်တို့တွေစိတ်တိုနေမယ့်အစား တခြားအရာတစ်ခုကိုလုပ်ဖို့ အချိန်ပိုရသွားတာပဲလေဆိုပြီး အကောင်းဘက်ကနေတွေးပေးလိုက်တာမျိုးပေါ့။)

🍀လူတွေရဲ့ အကျင့်ဆိုတာ ကူးလေ့ရှိပါတယ်။ ကိုယ့်အနီးပတ်ဝန်းကျင်ကလူက အမြဲတမ်းအလိုမကျဖြစ်နေတယ်၊ ငြီးတွားနေတယ်ဆိုရင် ကိုယ်ကလည်း မသိလိုက် မသိဘာသာနဲ့ သူ့လိုဖြစ်သွားတတ်ပါတယ်။ အဲ့အတွက် ကျွန်တော်တို့ဟာ ကိုယ့်အနီးဝန်းကျင်ကလူတွေရဲ့စိတ်နေသဘောထားကို သတိထားဖို့လိုအပ်ပါတယ်။

🍀နောက်ထပ်ကတော့ ကိုယ့်ကိုယ်ကိုလည်း အကောင်းမြင်ပေးတတ်ဖို့ကြိုးစားပါ။ တစ်ခုခုကိုမလုပ်နိုင်လို့ ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ အပြစ်တင်နေတာထက်စာရင် နောက်တစ်ခေါက်ကျ ဒီ့ထက်ပိုကောင်းအောင်ကြိုးစားမယ်ဆိုပြီး အကောင်းဘက်ကနေတွေးကြည့်ပါ။ တစ်ယောက်နဲ့ တစ်ယောက်ဟာ အားသာချက်အားနည်းချက်တွေမတူညီတဲ့အတွက် သူတစ်ပါးနဲ့ ယှဥ်တတ်တဲ့အကျင့်ကိုဖျောက်ပြီး ကိုယ့်အားသာချက်ကို အလေးထားပြီးတွေးပေးပါ။

Healthy mind healthy bodyဆိုသလို အကောင်းမြင်ပေးခြင်းအားဖြင့် ကိုယ့်ရဲ့စိတ်ခံစားမှုပျော်ရွှင်ရုံတင်မကပဲ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုလည်းကျန်းမာစေပါတယ်။ လူတစ်ယောက်ဟာPositive person ဖြစ်လာတာနဲ့အလျောက် Capacityတွေတဖြည်းဖြည်းမြင့်တတ်လာမယ်၊ work doneတွေပိုဖြစ်ပြီး Self-satisfactionရလာနိုင်တဲ့အတွက် အရာရာကိုအကောင်းမြင်တတ်ဖို့၊ တွေးတတ်ဖို့ အပေါ်ကအချက်လေးတွေကို လုပ်ကြည့်ရအောင်နော် Intern Pluserတို့ရေ။

  • Share this post

Leave a Comment