Professional ကောင်းတစ်ယောက်ဖြစ်လာစေမယ့် 10,000 Hours Rule

Professional ကောင်းတစ်ယောက်ဖြစ်လာစေမယ့် 10,000 Hours Rule
လူတိုင်းလူတိုင်းမှာ Life Goal တွေအသီးသီးရှိကြပါတယ်။ ကမ္ဘာပတ်ခရီးသွားနိုင်ဖို့၊ ပျော်ရွှင်တဲ့ မိသားစုတစ်ခု တည်ဆောက်နိုင်ဖို့၊ အောင်မြင်တဲ့ ပညာရေးလမ်းကြောင်းရှိဖို့ အစသဖြင့်ပေါ့။ ဒီလို Life Goal တွေကို စဥ်းစားတဲ့အခါ ဘဝတစ်ခုလုံး မှီတည်ရမယ့် Career Goal ကလည်းမပါမဖြစ်ပေါ့။ အခု ဒီ Article လေးကို ဖတ်နေတဲ့ Intern Pluser တစ်ယောက်ချင်းစီရဲ့ Career Goal တွေကကောဘာဖြစ်မလဲ❓
အဲဒီတော့ ကိုယ်ရည်မှန်းထားတဲ့ Dream Profession မှာ လုပ်ငန်းကျွမ်းကျင်တဲ့ Professional တစ်ယောက်က ဘယ်လိုအတိုင်းအတာမှာဖြစ်လာမလဲ❓ဒါမှမဟုတ်လုပ်ငန်းခွင်ထဲမှာ ဘယ်အချိန်အတိုင်းအတာရောက်ရင် Senior Position တစ်ခုကိုရောက်သင့်ပြီလဲဆိုတာကိုလည်း သိထားဖို့လိုအပ်ပါတယ်။ ဒီအတွက်ကြောင့် Psychologist တစ်ယောက်ဖြစ်တဲ့ K. Anders Ericsson ကတွေ့ရှိခဲ့ပြီး Canadian Journalist Malcom Gladwell ပြန်လည်ရေးသားထားတဲ့ 10000 Hours Rule ကိုဝေမျှပေးချင်ပါတယ်။
လူတွေမှာ Natural Gift, Talent ပါလာတယ်ဆိုတာ တစ်ခါတစ်ရံမှာ မှန်ကန်နိုင်ပြီး တစ်ချို့သောသူတွေဟာ မထင်ထားလောက်တဲ့ အခြေအနေတွေမှာ မမျှော်လင့်ထားတဲ့ အောင်မြင်မှုတွေကိုရသွားကြတာ Intern Pluser တို့ မြင်ဖူးကြမှာပါ။ ဒါပေမယ့် Malcom ရဲ့ရေးသားချက်အရ ဘယ် Profession ဘယ် Field မှာပဲဖြစ်ဖြစ် အောင်မြင်မှုတွေရရှိနိုင်ဖို့ရာ အနည်းဆုံး နာရီပေါင်း ၁၀၀၀၀ ကို ကျော်ဖြတ်ခဲ့မှသာ အဲဒီလုပ်ငန်းခွင်မှာ ကျွမ်းကျင်ပေါက်မြောက်တဲ့ Expert တစ်ယောက်ဖြစ်နိုင်မယ်လို့ပြောထားတာပါ။ ဒီ နာရီ ၁၀၀၀၀ အတွင်းမှာ Career တစ်ခုနဲ့ပတ်သတ်တဲ့ အထွေထွေ လုပ်ငန်းဆောင်တာအားလုံးကို သင်ယူတတ်မြောက်ဖို့ လုံလောက်တဲ့အချိန်ပါ။ ဒီအချိန်အတွင်းမှာ ကိုယ့် profession နဲ့ပတ်သတ်တဲ့ အရာအားလုံးကို ခရေစေ့တွင်းကျ လေ့လာသင်ယူပြီးလို့ နာရီ ၁၀၀၀၀ ပြည့်တဲ့အခါ မိမိရဲ့ Career လမ်းကြောင်းရဲ့ ကောင်းမွန်တဲ့နေရာတစ်ခုမှာပြန်တွေ့ရမှာပဲဖြစ်ပါတယ်။
Malcom က 10000 Hours Rule နဲ့ပတ်သတ်ပြီး အရမ်းကိုနာမည်ကျော်ကြားခဲ့တဲ့ The Beatles ဂီတအဖွဲ့ကို ဥပမာပေးထားခဲ့ပါတယ်။ The Beatles အဖွဲ့သားတွေဟာ အားလုံးထင်မှတ်ထားသလို နေ့တွင်းညတွင်းချင်း သီချင်းတွေထွက်ခဲ့တာကြောင့်အောင်မြင်ခဲ့ကြတာမဟုတ်ပါဘူး။ သူတို့ဟာ အမေရိကန်နိုင်ငံကိုရောက်ပြီး လျှမ်းလျှမ်းတောက် မအောင်မြင်ခင်မှာ ဂျာမနီနိုင်ငံ ဟမ်ဘက်မြို့ရဲ့ ကလပ်တစ်ခုမှာ တစ်ရက်ကို ၈နာရီကြာ အချိန်ပြည့်နဲ့ တစ်ပတ် ၇ရက်ဖျော်ဖြေခဲ့ကြတဲ့ အဖွဲ့ငယ်လေးဖြစ်ပါတယ်။ နာရီထောင်သောင်းမက ရင်းနှီးမြှုပ်နှံပြီးမှ အောင်မြင်ကျော်ကြားလာခဲ့တာပါ။ ဒီလိုပဲ Microsoft Corporation ရဲ့ Co-Founder ဖြစ်တဲ့ Bill Gates ဟာလည်း 1975 ခုနှစ်မှာ Microsoft ကိုတည်ထောင်ပြီး ၉နှစ်အကြာ ၁၉၈၆ ခုနှစ်မှသာ ဒေါ်လာ သိန်း ၃၅၀ တန်တဲ့ ကုမ္ပဏီကြီးကို လူတွေလက်ထဲချပြနိုင်ခဲ့တာလို့ ပြောပြခဲ့ပါတယ်။
ကဲ ဒီတော့ Intern Pluser တို့အနေနဲ့ကော ကိုယ့်ရဲ့ Dream Profession တစ်ခုမှာအောင်မြင်ပေါက်မြောက်အောင် လုံလောက်တဲ့ အချိန်နဲ့ Commitment ပေးနိုင်ပြီလား❓ ပေးနိုင်ပြီဆိုရင်တော့ အရင်ဆုံးပြုလုပ်ရမှာကတော့ Plan and Prepare လုပ်တာပါ။ ကိုယ် သွားချင်တဲ့ Career လမ်းကြောင်းကို အသေအချာရွေးချယ်ပြီး အဲ့ဒီလမ်းကြောင်းကိုလျှောက်လှမ်းဖို့ပြင်ဆင်မှုတွေ အသေအချာပြုလုပ်ရပါမယ်။ ပြင်ဆင်မှုတွေကို ပြုလုပ်တဲ့အခါ အရေးအကြီးဆုံးဖြစ်တဲ့ Career Readiness Skill တွေကိုတော့မပါမဖြစ်ပြင်ဆင်ထားသင့်ပါတယ်။
ဒီလို Career Readiness Skill တွေက ဘာတွေလဲ❓ ဘယ်လိုပြင်ဆင်ထားရမလဲ❓ဆိုတာတွေကို သိလိုတယ်ဆိုရင်တော့ ဒီလင့်ကလေးမှာဝင်ရောက် ဖတ်ရှုနိုင်ပါတယ်(https://www.facebook.com/myanmarinternplus/posts/725550868364061)။
Intern Pluser အားလုံး ပျော်ရွှင်အောင်မြင်တဲ့ Career လမ်းကြောင်းတွေကို 10000 Hours Rule နဲ့ လျှောက်လှမ်းနိုင်ကြပါစေနော်။