fbpx

Remotely အလုပ်လုပ်မည့်သူကိုရွေးချယ်ရာတွင် HR တွေထည့်သွင်းစဥ်းစားသင့်သည့်အချက် (၄) ချက်

ယခုအချိန်ဝန်းထမ်းရွေးချယ်ပုံသည် ယခင်နှစ်ပုံစံနှင့်ယှဥ်ကြည့်ပါက များစွာပြောင်းလဲနေပါတယ်။ ထို့အတူ လျှောက်ထားသူ(Candidate) ထံမှဦးစားပေးရှာဖွေနေသော characteristic များလည်းပြောင်းလဲလာပါ တယ်။ ယခုအချိန်ကာလအတွင်း တချို့သော company များသည် remotely လုပ်ကိုင်ရင်း ဆက်လက်လည်ပတ်နေသည့်အလျှောက် သူတို့ဝန်ထမ်းများအားလည်း အိမ်မှာအလုပ်ကောင်းစွာလုပ်ကိုင်ပြီး မြန်ဆန်စွာပြီးမြောက်နိုင်သည့်သူမျိုးကို လိုလားကြပါသည်။

အောက်ပါအချက်၄ချက်ကတော့ remotely အလုပ်လုပ်ရန်ရွေးချယ်ရာတွင် ဦးစားပေးကြည့်ရှု့သင့်သောအချက်တွေဖြစ်ပါတယ်။

1. Positive Energy

အထူးသဖြင့် အခုလိုအချိန်ကာလမျိုးမှာ Passion နှင့် Positivity များကအလုပ်လုပ်ချိန်တွင် အများဆုံးလိုအပ်တဲ့အရာများဖြစ်ပါတယ်။ Pandemic အတွင်း အလုပ်သမားများစွာခက်ခဲကြမ်းတမ်းသော အခြေအနေနှင့်ရင်ဆိုင်ရသည့်အလျှောက်စိတ်ဓါတ်ခွန်အားလည်း ကျဆင်းနေကြပါတယ်။ ထိုသူများထဲမှ Passionate ဖြစ်ပြီး optimism ဖြစ်တဲ့သူမျိုးကိုရွေးချယ်ခြင်းဖြင့် အလုပ်တွင်ကျယ်စေရုံမက သူနှင့်သက်ဆိုင်သော team တစ်ခုလုံးကိုပါ စိတ်အားတက်ကြွစေနိုင်ပါတယ်။

2. Upbeat job postings

Job posting လုပ်ရာတွင်စိတ်ဝင်စားဖွယ်ကောင်းအောင်သေချာစွာပြုလုပ်ပါ။ ဤသို့လုပ်ခြင်းဖြင့် applicants များအနေနှင့်သင့် company working environment အားကောင်းမွန်သော impression ရရှိစေမှာဖြစ်သည့်အပြင် သူတို့အနေနှင့်လည်းရှိထားသော impression နှင့်အညီ ကြိုးစားလုပ်ကိုင်ချင်စိတ်ရှိမှာ ဖြစ်ပါတယ်။ ထို့အတူသင်ကိုယ်တိုင်လည်းသင့် company culture ကိုစိတ်ဝင်စားဖွယ်တက်ကြွဖွယ်ကောင်းအောင်လုပ်မှသာ applicant များအနေနှင့်လည်းသင့် company အားကောင်းမွန်စွာ attract လုပ်နိုင်ပြီး စိတ်ဝင်စားတက်ကြွလာမှာဖြစ်ပါတယ်။

3. Virtual Skills

အကယ်၍လူချင်းတွေ့ဆုံပြီး interview လျှင်တောင် safe ဖြစ်သောအခြေအနေရောက်လျှင်ပင် virtually interview ခြင်းဖြင့် candidate များမည်သို့ handle လုပ်နိုင်သလဲ ဘယ်လောက်ထိ virtually လုပ်ကိုင်ခြင်း (zoom, skype, phone calls, etc.) နှင့်ရင်းနှီကျွမ်းကျင်မှုရှိလဲဆိုတာပါ တွေ့နိုင်မှာဖြစ်ပါတယ်။ အခုလို remotely အလုပ်လုပ်သည့်အချိန်အတွင်း virtually ဆက်သွယ်လုပ်ကိုင်ရမှာဖြစ်သည့်အတွက် ထိုကဲ့သို့ လုပ်ကိုင်စစ်ဆေးခြင်းက သာမန်ထက်ပင်ပိုမိုအရေးကြီးပါသည်။

4. Ability to focus

Remotely အလုပ်လုပ်ခြင်း၊ အထူးသဖြင့်အိမ်၌အလုပ်လုပ်ခြင်းက အာရုံပျက်ပြားစေသောအကြောင်း အရင်းများ၊ အားရုံစူးစိုက်မှုကိုဟန့်တားစေသောအချက်များ များစွာရှိနေတတ်ပါတယ်။ ထို့ကြောင့် candidate များရွေးချယ်ရာတွင် အာရုံစူးစိုက်မှုအားကောင်းသူကိုရွေးချယ်သင့်သည်မှာ အသင့်လျှော်ဆုံးဖြစ်ပါတယ်။ထို့ကြောင့် interview အတွင်း attention and focus ကောင်းမွန်စွာပေးနိုင်သောသူ၊ အလုပ်လုပ်ရန်နေရာသေချာစီစဥ်သတ်မှတ်ထားသူကိုသာ ရွေးချယ်သင့်ပါသည်။

  • Share this post

Leave a Comment