Research and Analytical Skills

ဒီတစ်ပတ် Intern Plus Myanmar Page ကနေ Share ပေးချင်တဲ့အကြောင်းအရာကတော့ Research and Analytical skills ပဲဖြစ်ပါတယ်။
အလုပ်ရှင်တွေဟာ သင်အလုပ်လျှောက်ရာမှာ သင့်မှာရှိတဲ့ အလုပ်ခန့်ချင်စဖွယ် အရည်အချင်းတွေကို အမြဲမေးကြမှာပါပဲ။ ဒီအရည်အချင်းတွေထဲမှာဆိုရင်တော့ research and analytical skill လဲပါဝင်နေပါတယ်။ သို့သော်လည်း research and analytical skill ရဲ့ အဓိပ္ပာယ်ကိုရှင်းရှင်းလင်းလင်းသိမထားဘူးဆိုရင်တော့ သင်ဟာ research and analytical skill ဆိုတာ ဘာလဲ၊ လုပ်ငန်းခွင်မှာဘယ်လိုအသုံးချသင့်သလဲအစရှိတဲ့ အပိုင်းတွေမှာအခက်တွေ့မှာပဲဖြစ်ပါတယ်။
အသေးစိတ်ဆောင်ရွက်ခြင်းအနုပညာ (Attention to Detail)
အလုပ်ကို အသေးစိတ်ဆောင်ရွက်ခြင်းဆိုရာမှာ သင်ဟာအလုပ်ကို ထိန်းထိန်းသိမ်းသိမ်း နဲ့ဂရုစိုက်လုပ်ကိုင်တတ်ပြီး အသေးအမွှားတွေကိုပါစောင့်ကြည့်တတ်သူ တစ်ဦးဖြစ်တယ် လို့ဆိုနိုင်ပါတယ်။ နောက်ပြီးသင်ဟာ ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာတတ်ပြီး အလုပ်မှာအမှားတတ်နိုင်သမျှနည်းအောင်ရှောင်ရှားသူ၊ ရှုပ်ထွေးနေတဲ့ပြသနာတွေကို ဂရုတစိုက်ဖြေရှင်းတတ်သူ ဆိုတာကို ပိုပြီးပေါ်လွင်စေမှာပဲဖြစ်ပါတယ်။
သင်ဟာသင်ရဲ့ အလုပ်ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်အောင် အချိန်ယူပြီး အလုပ်ကိုအသေးစိတ် ဂရုတစိုက်ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကို တိုးတက်အောင်ပြုလုပ်သင့်ပါတယ်။ အလုပ်တစ်ခုကို လုပ်ဖော်ကိုဖက် သို့မဟုတ် လုပ်ငန်းရှင်ကို မအပ်ခင် သေသေချာချာ စီစစ်ပြီးမှအပ်ပါ။ အလုပ်ကိုပိုအချိန်ပေးပြီးသေးစိတ်ဆောင်ရွက်လေ သင့်အလုပ်အရည်အသွေးတိုးတက်လေဖြစ်ပါတယ်။
ဝေဖန်စဉ်းစားတွေးခေါ်ခြင်း (Critical Thinking)
ဝေဖန်စဉ်းစားတွေးခေါ်ခြင်းဆိုတာ သင့်ရဲ့ပြသနာတစ်စုံတစ်ရာပေါ်မှာ သို့မဟုတ် အခြေအနေတစ်ရပ် အပေါ်မှာ ဂရုတစိုက်နဲ့ ပြတ်ပြတ်သားသား အကဲဖြတ်ဖြေရှင်းပုံကို ပြောခြင်းပဲဖြစ်ပါတယ်။ ဝေဖန်စဉ်းစားတွေးခေါ်ခြင်းဟာ မေးခွန်းမရှိဘဲ သင်ငြင်းခုံမှုတွေနဲ့ ထင်မြင်ယူဆချက်တွေကို မျက်စိမိတ်လက်ခံခြင်းမဟုတ်ဘူးဆိုတာကိုလဲ ပြောခြင်းဖြစ်ပါတယ်။ သာဓကအားဖြင့် သင်ဟာ အငြင်းအခုံတစ်ခုကို ရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာ ဒီငြင်းခုံမှုရဲ့ အဆင့်တစ်ဆင့်ချင်းဆီကို ဝေဖန်သုံးသပ်ပြီး ဘယ်သူ့လွှမ်းမိုးမှုမှမပါတဲ့ လွတ်လပ်တဲ့ အကဲဖြတ်ခြင်းတွေကိုသာပြုလုပ်ရမှာပါ။
ဝေဖန်စဉ်းစားတွေးခေါ်ခြင်းမှတစ်ဆင့် သင်ပြသနာတွေရဲ့ ပုံစံ၊ အချက်အလက် တွေကို ခွဲခြားသတ်မှတ်ပြီး ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ချနိုင်အောင် သို့မဟုတ် ခက်ခဲလွန်းတဲ့ပြသနာတစ်ခုရဲ့ အဖြေရှာတွေ့နိုင်အောင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ သင်ဟာဆရာဝန်တစ်ယောက်သို့မဟုတ် စက်ရုံအလုပ်သမားတစ်ယောက်ဖြစ်နေသည့်တိုင် ဒီအရည်အချင်းတွေဟာ ပညာရှင်တိုင်းအတွက်လိုအပ်တဲ့ အရည်အချင်းဖြစ်ပါတယ်။
လေ့လာစမ်းစစ်ခြင်း သို့မဟုတ် သုတေသနစွမ်းရည် (Researching Skills)
ထိရောက်တဲ့ သုတေသန လေ့လာစမ်းစစ်မှုတွေပြုလုပ်တော့မယ်ဆိုရင် အပေါ်မှာဖော်ပြခဲ့တဲ့Analytical skill တွေလိုအပ်ပါတယ်။ သင်ဟာ ပြသနာတစ်ခုကို သေသေချာချာ လေ့လာစမ်းစစ်ပြီး လိုအပ်မယ့် အချက်အလက်တွေကောက်ယူပြီးအစီအစဉ်တကျဖြေရှင်းတတ်ဖို့လိုအပ်ပါတယ်။ သင်ဟာသင့်စုဆောင်းထားတဲ့အချက်အလက်တွေကို လေ့လာစမ်းစစ်ပြီး နိဂုံးချုပ်တတ်ဖို့လိုအပ်ပါတယ်။