အလုပ်ရှင်တွေရှာနေတဲ့ candidate ဆိုတာ ဘယ်လိုမျိုးလဲ?

အလုပ်ရှင်တွေရှာနေတဲ့ candidate ဆိုတာ ဘယ်လိုမျိုးလဲ❓
Intern Pluser တို့ရေ အလုပ်တစ်ခုရဖို့ဆိုရင် အားလုံးအရင်တွေးဖြစ်ကြတာက အလုပ်ဘယ်လိုရှာမလဲဆိုပြီး တွေးကြတာပဲ ဖြစ်ပါတယ်။ အမှန်တစ်ကယ်မှာ အလုပ်တစ်နေရာရဖို့ဆိုတာ ဘယ်အလုပ်မျိုးပဲဖြစ်ဖြစ် ကိုယ်ရွေးချယ်တဲ့ အလုပ်ပေါ်မူတည်ပြီး ကိုယ့်ဘက်ကတကယ်ကို အည်အချင်းပြည့်ဝပြီး လုပ်ငန်းခွင်ထဲဝင်ဖို့ ready ဖြစ်နေဖို့ အရေးကြီးတာပဲဖြစ်ပါတယ်။ ဒါကြောင့်မှလို့ ဒီနေ့မှာတော့ Intern Pluser တွေအတွက် လုပ်ငန်းခွင်မှာ အလုပ်ရှင်တွေ ရှာဖွေနေပြီး ခေါ်ယူချင်တဲ့ candidate တွေမှာရှိတဲ့ အရည်အသွေးတွေနဲ့ ပက်သတ်ပြီး မျှဝေပေးသွားချင်တာပဲ ဖြစ်ပါတယ်။
✅ ပထမဆုံး တစ်ခုအနေနဲ့ဆို digital literacy ရှိတဲ့သူပဲ ဖြစ်ပါတယ်။ အခုခေတ်က နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လုပ်ငန်းတိုင်းက digital ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာပြီး လုပ်ကိုင်နေကြတာကြောင့် အလုပ်ရှင်တွေအနေနဲ့ဆို လုပ်ငန်းအတွင်းမှာ digital နဲ့ပက်သတ်ပြီး application တွေ၊ tool တွေ၊ သုံးပုံသုံးနည်း knowledge တွေရှိတဲ့သူကို ဦးစားပေးရွေးချယ်နေကြတာပဲ ဖြစ်ပါတယ်။
✅ နောက်တစ်ခုအနေနဲ့ဆို language ပိုင်းမှာရော knowledge ရှိတဲ့သူပဲ ဖြစ်ပါတယ်။ လုပ်ငန်းသုံးအနေနဲ့ဆို English ဘာသာစကားက world wide use ဖြစ်တဲ့အတွက် Business English နဲ့ပက်သတ်ပြီး terms and conditions တွေကို သေချာ သိရှိထားတဲ့သူပဲ ဖြစ်ပါတယ်။
✅ လုပ်ငန်းခွင်ထဲ ရောက်ပြီဆိုရင် အသင်းအဖွဲ့နဲ့ လုပ်ကိုင်ပြီး လူအများနဲ့ ပေါင်းသင်းဆက်ဆံရတော့မှာ ဖြစ်တဲ့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ communication နဲ့ interpersonal skills ကောင်းတဲ့သူတွေကို အလေးပေးပြီး ရှာဖွေနေကြတာပဲ ဖြစ်ပါတယ်။
ဒါတွေကတော့ လုပ်ငန်းရှင်တွေ လိုချင်တဲ့ candidate တစ်ယောက်မှာရှိတဲ့ အရည်အသွေးတွေ ဖြစ်လို့ Intern Pluser တွေအနေနဲ့ ဒီအရာတွေ ပြည့်စုံဖို့ စတင်ပြင်ဆင်ကြတော့နော်။