fbpx

Work From Home လုပ်နေတဲ့ ဝန်ထမ်း‌တွေနဲ့ ပိုပြီးရင်းနှီးမှု ရလာစေဖို့ အကောင်းဆုံးနည်းလမ်း (၇)ခု

လေ့လာ‌တွေ့ရှိ‌ချက်တွေအရ ဝန်ထမ်း ၅၆% လောက်က အရင်လိုရုံးတက်ပြီး အလုပ်ပြန်လုပ်ဖို့ကို မျော်လင့်နေကြပါတယ်။ အဖြေရှာကြည့်တဲ့အခါမှာ office မှာအလုပ်လုပ်ရတာက WFH လုပ်ရတာထက် ပိုပြီး motivate ဖြစ်စေသလို တယောက်နဲ့တယောက်လဲ အမြဲတမ်း feel connected ဖြစ်စေတယ်လို့‌ပြောကြပါတယ် ။

HR leader တွေအနေနဲ့ကလဲ ချက်ချင်းကြီး WFH လုပ်နေရင်း ဝန်ထမ်းတွေလိုချင်တဲ့ working environment မျိုးရအောင် လိုက်တုပြီးလုပ်ပေးဖို့ကလဲ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ WFH လုပ်နေတဲ့ဝန်ထမ်းတွေ colleague တွေကို keep in touch ဖြစ်အောင် အချင်းချင်းပိုပြီး Connect ဖြစ်အောင်‌လုပ်ပေးလို့ရတဲ့ နည်းလမ်း (၇) ခုရှိပါတယ်။

(၁) ပျော်ရွှင်အောင်ကူညီပါ

ပထမတစ်ချက်က သူတို့ကိုပျော်ရွင်အောင်ကူညီပါ။ Social distancing က လူတွေရဲ့ပျော်ရွင်ကို သိသိသာသာ ဒါမှမဟုတ် အတိုင်းအတာတခုလောက်ထိ့ကျဆင်းစေပါတယ်။ ဒီတော့ manager တွေ၊ HR Pros တွေအနေနဲ့ ဝန်ထမ်းတွေရဲ့ အခက်အခဲတွေ၊ မပျော်ရွင်မှု‌တွေကို ဖြေရှင်းပေးဖို့လိုအပ်ပါတယ်။ ‌လေ့လာတွေ့ရှိချက်တွေအရ ပျော်ရွင်မှုနဲ့ Productivity က 85% လောက် ဆက်စပ်မှုရှိနေ‌တယ်လို့သိရပါတယ်။

(၂) ဂရုစိုက်ပါ

ဒုတိယအချက်ကတော့ ကျန်းမာရေးနဲ့ပတ်သတ်ပြီးတော့လဲ ဝန်ထမ်းတွေအချင်းချင်း connect ဖြစ်နေရပါမယ်။ WFH လုပ်နေတာဘဲ ဂရုစိုက်စရာမလိုအပ်ဘူးလို့ မတွေးရပါဘူး။

(၃) Game များပြုလုပ်ပေးပါ

တတိယအချက်က အမြဲတမ်း အလုပ်လုပ်နေတာထက်စာရင် ဝန်ထမ်းတွေအချင်းချင်းလဲ ပိုပြီးရင်းနှီးအောင်၊ မိသားစု စိတ်ဓာတ်ကိုခံစားမိလာအောင် manager တွေအနေနဲ့ ပျော်စရာ Game လေးတွေ ပြုလုပ်ပေး‌သင့်ပါတယ် ။

(၄) အချင်းချင်း မျှဝေပါစေ

လေးချက်‌‌မြောက်က အချင်းချင်းရင်းနှီးသွားပြီးဆိုရင် တစ်ယောက်ချင်းစီမှာရှိတဲ့အရည်အချင်းတွေကို share လုပ်စေပြီး သင်ပေးတာမျိုးတွေ လုပ်ပေးသင့်ပါတယ် ။ အလုပ်နဲ့ပတ်သတ်တာအပြင် တခြား မုန့်ဖုတ်တာ၊ သီချင်းဆိုတာ စသဖြင့် ပြုလုပ်ပေးခြင်းဖြင့် တယောက်အကြောင်း တယောက်ပိုသိလာနိုင်သလို Company ကိုရော၊ ဝန်ထမ်း‌တွေကိုပါ ပိုပြီးရင်းနှီးပြီး သံယောဇဥ်ဖြစ်လာစေမှာပါ။

(၅) တိုးတက်လာပါစေ

နံပါတ်ငါးအချက်ကတော့ personally ရင်းနှီးခင်မင်ပြီးပြီဆိုရင် နောက်တဆင့်အနေနဲ့  professionally level အစုံက ဝန်ထမ်းတွေနဲ့လဲ ဆက်ဆံရေး ကောင်းမွန်နေရပါမယ်။ အဲတာမှ အလုပ်နဲ့ပတ်သတ်ပြီး အတွေ့အကြုံအသစ်၊ ဗဟုသုတအသစ်တွေရလာမှာဖြစ်သလို Career Life ကိုလဲ ပိုပြီးတိုးတက်လာ‌စေမှာပါ။

(၆) ကျန်းမာရေးစောင့်ကြည့်ပါ

နံပါတ်ခြောက်အချက်ကတော့ ဒုတိယအချက်လိုမှာဖော်ပြထားသလိုပါပဲ။ ဒုတိယအချက်မှာ ဝန်ထမ်းအချင်းချင်း care လုပ်ခိုင်းတာဖြစ်ပြီးတော့ အခုအချက်မှာတော့ Company ကိုယ်တိုင် က ကိုယ့်ဝန်ထမ်းတွေရဲ့ ကျန်းမာရေးနဲ့ပတ်သတ်ပြီး အမြဲစောင့်ကြည့် နေရပါမယ်။ For Example: WFH မှာအလုပ်တွေကြီးပဲ ထိုင်လုပ်ခိုင်းနေတာမျိုး မဟုတ်ပဲ လေ့ကျင့်ခန်းတွေလဲ လုပ်ခိုင်းရပါမယ်။

(၇) Buddy System ပြုလုပ်ပါ

For Example : Meeting လုပ်တာပဲ ဖြစ်ဖြစ်၊ task တခုခုကို assign လုပ်တာပဲဖြစ်ဖြစ် မကြားလိုက်တာတို့ Internet အဆင်မပြေတာတို့ဆိုရင် တစ်ဖက်လူဘာပြောသွားလဲ ဆိုတာ ရုံးတက်နေသလို ပြန်မေးလို့မရပါဘူး။ အဲတော့ လွတ်သွားတဲ့ information တွေကို မတက်ဖြစ်သူတွေလဲ ပြန်ကြည့်လို့ရအောင် Meeting Minutes ရေးတာမျိုးဖြစ်ဖြစ် ပြုလုပ်ရပါမယ်။

  • Share this post

Leave a Comment